Professional Authors

မိုးည

လိုချင်တဲ့အချိန်တစ်ခုကို
တောင်းတရင်း
အချိန်တွေဖြုန်းခဲ့တာ
နောင်လွန်မှ နောင်တအချို့နဲ့
မျက်ရည်စ တွေဟာ
ဘယ်က ဘယ်လိုမှန်းမသိဘူး
တွေတွေကြီးဝေကျနေလေရဲ့
တားမြစ်ဘို့လည်းမတတ်နိုင်ခဲ့ဘူး
ယုံကြည်ထားတော့လည်း
ဒီလိုဖြစ်လာလိမ့်မယ်လို့ဘယ်ထင်ထားပါ့မလဲ
သေချာတာက ငါ့ဆောင်းလာတဲ့ထီးတောင်မှ
ငါ့ခြေထောက်နားမှာ အလူးလူးအလိမ့်လိမ့်နဲ့
ငိုကြွေးနေလေပြီ…
မိုးနတ်မင်း က မသိချင်ယောင်ဆောင်ပြီး
ငါ့ မျက်ရည်တွေ ကို မိုးနဲ့ဖုံးကွယ် ဖို့ ကြိုးစားနေတယ်
ဘယ်ရမလဲ ငါက နင်နဲ့ပါတ်သက် ရင်
ငါ့အသွေးငါ့အသားငါ့နှလုံးင့ါအသည်းတွေကနေ
ခံစားတာမို့
မိုးနတ်မင်း ရဲ့ အကြံတွေ မအောင်မြင်ခဲ့ဘူး
င့ါရဲ့မျက်ရည်တွေက သွေးမျက်ရည်တွေလေ
ကိုယ်ချစ်သူကို မှ ကို မကာကွယ်နိုင်တဲ့လူပဲ
ငါ့ကိုယ်ငါမုန်းဖို့ပဲ ငါကြိုးစားနေတော့မယ်
ထိုးထားတာက ဆလိုက်တွေမဟုတ်ဘူး
ငါက လည်း မင်းသားမဟုတ်ဘူး
အခု ဖြစ်နေတာ က ရုပ်ရှင် ရိုက်နေတာမဟုတ်ဘူး
လက်မခံချင်ပေမယ့် လည်း
အခု ဟာက မျက်မြင် ကိုယ် တွေလေ
သူမကို ကျွန်တော် ပွေ့ဖိုကြိုးစားတယ်
သူမရဲ့လက်တွေက အရင်ကလို
ကျွန်တော် ကို ဖက်ဖို့မကြိုးစားတော့ဘူး
မြေပြင်အထက်က မိုးရေတို့ကြောင့်
မသိမသာတက်နေသော
ရေပြင်ကို သူမလက်က ပွတ်တိုက်နေလေ၏
သူမလက် မှ ရေတလျှောက် သဖွယ် တတောက်တောက် နဲ့
ကျဆင်းနေလေရဲ့ သို့ပေမယ့်
မိုးရည်နှင့် တချို့ ကကွဲ ပြားနေလေ၏……။
သူမ သူမ
ကျွန်တော် ရှိက သူမထွက်ခွာသွားခဲ့ပြီ
သို့ပေမယ့် သူမ သွားဝယ် ပေးခဲ့တဲ့
ရုပ်ရှင် ကားလေးကတော့
ကျွန်တော် ရဲ့ခေါင်းရင်း မှာ ရှိလေရဲ့
ဆေးသောက်ဖို့ အချိန်ရောက်တိုင်း ကျွန်တော် ခေါင်းတွေ
ကိုက်နေလေရဲ့
သူမ ရယ် သူမ ဘယ် မှာ များတုန်းလို့…..။

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

အရမ်းကောင်းတယ်ဗျာ ..တကယ်မိုက်တယ်..

commentinfo By: mote soe at Nov 19, 2010
Comment #2

ကျေးဇူးပါ ကို မုတ်ဆိုး ကြီးခင် ဗျားလဲ တာဝကပဲလား

Leave Comments

Name*

Email*
Website
Email me whenever there is new comment