Professional Authors

ရော်ရွက်လို

ရော်ရွက်လို ခြောက်လို့ သွေ့လို့

ရင်ဘတ်က အသံထွက်မတတ်တော့ပါ

နာရီတွေကို လက်ချိုးရေတယ်

စက္ကန့်တစ်ခုတိုင်းက အသက်ထွက်လုရွေ့သွားတယ်

နေ့ရယ် ၊ ညရယ် ၊ ဘ၀ရယ် တုန်လှုပ်ဖွယ်နဲ့

ဆန္ဒတွေကို ခြွေတာလို့ …… မေ့ကြဖို့လား

စိတ်သွားတိုင်း ကိုယ်မပါတာပဲ

ချစ်တိုင်းလဲ ရင်ကနာပါတယ်

ရက်ဆက်တယ် …. နေ့စဉ်ပါပဲ ….

ရက်စက်သူရယ်

နင်ဝင်မကြည့်သေးတဲ့ ငါ့ရင်က

အော်ခေါ်တာလဲနင်ပဲ ၊ ကြွေးကြော်မိတာလဲ နင်ပဲ

သံစဉ်ထွက်မတတ်လို့

ခုဆို … ငါ့ရင်ဘတ်က တိတ်လို့ ဆိတ်လို့ ………

ရစ်ဝိုင်းဖွဲ့ မျက်ဝန်းက ရင်နာတိုင်းပဲ

တောင့်တပါတယ် … အသိစိတ်ရော … ငါမသိတဲ့စိတ်ကရော

နီးပါရစေ … ၊ နီးပါရစေ …… တောင့်တရင်း

ဝေးကြတော့မှာလား ဆွေးရတော့မှာလား

ရော်ရွက်လိုပဲ ငါဆိုတာကလည်း

ခြောက်လို့ ၊ သွေ့လို့ ………. ။ ……………. အတ္တတွေလည်း ပျောက်လို့ ၊ ရှလို့ ………………. ။

 

 

 

 

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ခြောက်လို့ ၊ သွေ့လို့ ………. ။ ……………. အတ္တတွေလည်း ပျောက်လို့ ၊ ရှလို့ ………………. ။

ချစ်ရသူနဲ့ဝေးရင်အဲလိုပဲဖြစ်တတ်ပါတယ်

commentinfo By: jasmine at Oct 7, 2011
Comment #2

နေ့ရယ် ၊ ညရယ် ၊ ဘ၀ရယ် တုန်လှုပ်ဖွယ်နဲ့

ဆန္ဒတွေကို ခြွေတာလို့ …… မေ့ကြဖို့လား

စိတ်သွားတိုင်း ကိုယ်မပါတာပဲ

ချစ်တိုင်းလဲ ရင်ကနာပါတယ်

commentinfo By: PC at Oct 7, 2011
Comment #3

နင်ဝင်မကြည့်သေးတဲ့ ငါ့ရင်က

အော်ခေါ်တာလဲနင်ပဲ ၊ ကြွေးကြော်မိတာလဲ နင်ပဲ

အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 8, 2011
Comment #4

တောင့်တပါတယ် … အသိစိတ်ရော … ငါမသိတဲ့စိတ်ကရော

နီးပါရစေ … ၊ နီးပါရစေ …… တောင့်တရင်း

ဝေးကြတော့မှာလား ဆွေးရတော့မှာလား
အားပေးသွားသည်

Comment #5

ပုံစံဆန်းလေးပဲ
အားပေးသွားပါကြောင်းး

Comment #6

အဆင့်မမှိသေးပါဘူး

commentinfo By: nayzaw at Aug 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment