Professional Authors

ခင်ဗျား..ဖတ်သင့်တယ်

တနေ့ 24နာရီ ထက် 1နာရီလောက်
အပိုရခဲ့မယ်ဆို……
ကျွန်တော်..အသက်၀၀ရှုရှိုက်လို့…..အတိတ်မေ့ခွင့်ရမှာပါ

လွယ်လွယ်လေးပဲ….တိုက်ဆိုင်မှု တချို့ချို့ကြောင့်
ခင်ဗျား ကျွန်တော့ ကိုထားခဲ့
အကြောင်းပြချက်တော့ကောင်းခဲ့သားဗျာ့နော်
ကျွန်တော်သာခက်ခက်ခဲခဲနဲ့
ုခင်ဗျားကိုလွမ်းတဲ့ဒီစိတ်ပဲရှိနေတတ်ခဲ့….
ကြာတော့လည်း
ကိုယ့်နှလုံးသားကို ကိုယ် ငြူစူလာမိတယ်

လွမ်းလို့ရေးတဲ့ ကဗျာတိုင်းသာ
တံတား တသွယ်…လမ်းမည် ခဲ့ရင်
ဦးတည် ရာ ခင်ဗျားဆီပဲ … ရောက်ခဲ့နိုင်ကောင်းပါရဲ့
ခုတော့…
တံတိုင်းသဖွယ်ကာဆီး…..ခင်ဗျားစိတ်နဲ့ နှိုင်းကာရယ်
တပါးစိတ်နဲ့…ရေးသီခဲ့သတဲ့….
မရှင်းတော့ပါဘူး….လင်းလည်း..မလင်းချင်တော့ဘူး
တခါလာလည်း…
အသဲကွဲကဗျာ…..
တခါဖတ်တိုင်းကြေကြေကွဲကွဲ
ကြာတော့လည်း..ဒီမိုး….
ကိုယ့်စာမျက်နှာ ကိုယ် ရှက်တတ်လာတယ်

ဘာသားမှ ရောမထုထားဘူး….လူစစ်စစ်ဗျ
ကျွန်တော်လည်း..ပျော်တတ်တယ်
ပျော်လည်းပျော်ချင်တယ်
ဒါပေမယ့်…………
ကြယ်မရှိတဲ့ကောင်းကင်..
လမင်းတ၀န်းလုံးလင်းလည်း..မတင့်တယ်နိုင်ဘူး

နေစဉ်..နေ့စဉ်
အလွမ်းတွေနဲ့ ထုံထိုင်း…
ကာရံတွေနဲ့..မှန်းမျှော်ရတာလည်း….များလို့
လမ်းတွေလည်း…ချော်ချော်ထွက်လာပြီ။

မတောက်တခတ်…
လက်စတွေနဲ့
အကွဲကဗျာတွေချည်း….online ပေါ်…
ရောက်ရောက်လာတတ်………
ပွင့်ပွင့်လင်းလင်းဆို….
ကျွန်တော့ ကဗျာတွေဖတ်တိုင်း
နင့်နင့်နဲနဲ ခံစားရသူတွေကိုလည်း….အားနာလှပြီဗျာ။
ဒါပေမယ့်…ရင်တံတိုင်း..ကျိုးကြေကာသွားမယ်
ခင်ဗျားကတော့……လွမ်းရယ်တောင်..မဖြေပေးခဲ့ပါဘူး။

ခင်ဗျားလာလာလည်တဲ့အိပ်မက်တွေလည်း
ကျွန်တော်..ကြောက်တတ်လာပြီ
ခင်ဗျားတယောက်ထဲချစ်တဲ့ ဒီအသည်းလည်း..လောက်တတ်လာပြီ
ခင်ဗျားရှိတဲ့ အတိတ်တွေထဲကလည်း….ဖောက်ထွက်ချင်လှပြီ
ဖြစ်နိုင်ရင်……
ခင်ဗျား……………အတွက်…ထောင်တန်းမ၀င်ရအောင်
ကျုပ်..တောင်းပန်စာရေးပေးခဲ့မယ်
ဓားထက်ထက်နဲ့သာ….ပိုင်းဖြတ်လို့…အသက်ရှုခွင့်ကို..ရပ်တန့်ပေးလိုက်တော့

ခင်ဗျားကိုကျုပ်….ဘ၀ အစက်စက်မှာ….လွမ်းလို့မနေရအောင်…..
ဒီတဘ၀စာရက်စက်ခဲ့သမျှ..နမ်းလို့ သေပါရစေ….
။ဘယ်တော့မှ…..ခင်ဗျားကို….ထပ်မတွေ့ချင်တော့ဘူး။

In: ကဗျာ Posted By: Date: Jun 15, 2011
Comment #1

“ဘာသားမှ ရောမထုထားဘူး….လူစစ်စစ်ဗျ
ကျွန်တော်လည်း..ပျော်တတ်တယ်
ပျော်လည်းပျော်ချင်တယ်
ဒါပေမယ့်…………
ကြယ်မရှိတဲ့ကောင်းကင်..
လမင်းတ၀န်းလုံးလင်းလည်း..မတင့်တယ်နိုင်ဘူး”
မိုးရေ မိုးရဲ့ ခင်ဗျားက ဖတ်မဖတ်တော့ မသိဘူး
ကေ ကတော့ အားပေးသွားတယ်……
အရမ်းကောင်းပါတယ်….။ ။

commentinfo By: ကေသရီ at Jun 15, 2011
Comment #2

ဟုတ်..ကျေးဇူး..ပါကေရယ်

commentinfo By: အသဲကွဲမိုး at Jun 15, 2011
Comment #3

ဦးလည်း လာဖတ်သွားတယ်……….သမီး
သမီးရဲ့ ခင်ဗျားဆိုတဲ့လူလည်း လာဖတ်ပါစေဗျာ။

commentinfo By: တာကော at Jun 15, 2011
Comment #4

အရမ်းကောင်းတယ်ဗျာ့..

commentinfo By: ဖိုးနမ်း at Jun 15, 2011
Comment #5

ခင်ဗျားကိုကျုပ်….ဘ၀ အစက်စက်မှာ….လွမ်းလို့မနေရအောင်…..
ဒီတဘ၀စာရက်စက်ခဲ့သမျှ..နမ်းလို့ သေပါရစေ…. )

Comment #6

တခါလာလည်း…
အသဲကွဲကဗျာ…..
တခါဖတ်တိုင်းကြေကြေကွဲကွဲ
ကြာတော့လည်း..ဒီမိုး….
ကိုယ့်စာမျက်နှာ ကိုယ် ရှက်တတ်လာတယ်
မမိုး….အရမ်းကိုကောင်းပါတယ်။
မမိုးရဲ့ခင်ဗျား..ဆိုတဲ့သူ..မမိုး၇ဲ့ကဗျာကိုထပ်တူခံစားနားလည်ပေးပါစေ……..

commentinfo By: poem.poem28 at Jun 16, 2011
Comment #7

ခင်ဗျားကိုကျုပ်….ဘ၀ အစက်စက်မှာ….လွမ်းလို့မနေရအောင်…..
ဒီတဘ၀စာရက်စက်ခဲ့သမျှ..နမ်းလို့ သေပါရစေ….
။ဘယ်တော့မှ…..ခင်ဗျားကို….ထပ်မတွေ့ချင်တော့ဘူး။ …………… 🙂

commentinfo By: pannei at Jun 16, 2011
Comment #8

ဟုတ်ကျေးဇူးပါ..နော်…မိုးကိုအားပေးတဲ့မောင်နှမများအားလုံး.. 😀

commentinfo By: အသဲကွဲမိုး at Jun 16, 2011
Comment #9

အမ….အမ ကဗျာကို ဖတ်ပြီးတိုင်း နင့်နင့် နဲနဲ ခံစားရတာတောင်မကပါဘူး…………….
ကိုယ့်ကိုယ်ကို လည်း သနားလာပါတယ်။
ဒါပေမယ့် အမ က ကျွန်တော့်ထက်သနားဖို့ကောင်းနေပြန်ရော………………
ဘယ်သူ့ကို သနားရမှန်း မသိတာနဲ့ ရဲမင်းကိုပဲ သနားလိုက်ကြရအောင် အမ။

commentinfo By: sawral at Jun 21, 2011
Comment #10

အင်းး…ရဲလေးကိုပဲသနားလိုက်ကြရအောင်ပါ……
ကျေးဇူးဗျ…အားပေးလို့

commentinfo By: အသဲကွဲမိုး at Jul 3, 2011
Comment #11

အရမ်းခံစားရတယ်
အရမ်းလည်းကောင်းပါတယ်
ဆက်ဆက်ရေးအုံးနော်

commentinfo By: meme at Jul 3, 2011
Comment #12

လွမ်းလို့ရေးတဲ့ ကဗျာတိုင်းသာ
တံတား တသွယ်…လမ်းမည် ခဲ့ရင်
ဦးတည် ရာ ခင်ဗျားဆီပဲ … ရောက်ခဲ့နိုင်ကောင်းပါရဲ့

ဒီအပိုဒ်ကို ကြိုက်တယ် အားပေးသွားတယ်

commentinfo By: linko at Jul 3, 2011
Comment #13

တကယ့်ကဗျာဗျာ…..
အရမ်းကောင်းပါတယ်

commentinfo By: moehtetaung18 at Jul 6, 2011
Comment #14

အရမ်းကောင်းပါတယ်အားပေးသွားတယ်နော်ဒါပေမယ်တစ်ခါတစ်လေလူတစ်ယောက်ကိုအဲဒီလောက်ချစ်ရတာမပင်ပန်းဘူးလားဟင်တို.ကတော.အဲဒီလိုချစ်မိနေတော.ပင်ပန်းတယ်

commentinfo By: htethtet at Jul 7, 2011
Comment #15

လွမ်းလို့ရေးတဲ့ ကဗျာတိုင်းသာ
တံတား တသွယ်…လမ်းမည် ခဲ့ရင်
ဦးတည် ရာ ခင်ဗျားဆီပဲ … ရောက်ခဲ့နိုင်ကောင်းပါရဲ့
ခုတော့…
တံတိုင်းသဖွယ်ကာဆီး…..ခင်ဗျားစိတ်နဲ့ နှိုင်းကာရယ်
တပါးစိတ်နဲ့…ရေးသီခဲ့သတဲ့….
မရှင်းတော့ပါဘူး….လင်းလည်း..မလင်းချင်တော့ဘူး
တခါလာလည်း…
အသဲကွဲကဗျာ…..
တခါဖတ်တိုင်းကြေကြေကွဲကွဲ
ကြာတော့လည်း..ဒီမိုး….
ကိုယ့်စာမျက်နှာ ကိုယ် ရှက်တတ်လာတယ်

ဘာသားမှ ရောမထုထားဘူး….လူစစ်စစ်ဗျ
ကျွန်တော်လည်း..ပျော်တတ်တယ်
ပျော်လည်းပျော်ချင်တယ်
ဒါပေမယ့်…………
ကြယ်မရှိတဲ့ကောင်းကင်..
လမင်းတ၀န်းလုံးလင်းလည်း..မတင့်တယ်နိုင်ဘူး…/

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #16

ကျေးဇူးအများကြီးတင်ပါတယ်….နော်..မိုးကိုအားပေးတဲ့မောင်နှမများ.အားလုံး…ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Aug 5, 2011
Comment #17

လွမ်းလို့ရေးတဲ့ ကဗျာတိုင်းသာ
တံတား တသွယ်…လမ်းမည် ခဲ့ရင်
ဦးတည် ရာ ခင်ဗျားဆီပဲ … ရောက်ခဲ့နိုင်ကောင်းပါရဲ့
အဲစာသား အရမ်း သဘောကျတယ်..

Comment #18

ဟုတ်ကိုလုလင် ကျေးဇူးတင်ပါတယ်..

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #19

really nice

commentinfo By: ei lay at Feb 2, 2012
Comment #20

ဖတ်ပီးရင်းဖတ်ချင်လေပါပဲ ..း)

commentinfo By: အချော်ကင် at Sep 25, 2012
Comment #21

ကောင်းလိုက်တာ..။ အမက မိန်းကလေးဆိုပေမဲ့ ရေးတဲ့ပုံစံ အရမ်းမိုက်တာဘဲ.။ ကျွန်တော် မိန်းကလေးလို့တောင် မထင်ခဲ့ဘူး.။ ကြိုက်တဲ့ စာရေးဆရာတွေထဲမှာ ပထမဆုံး အမျိုးသမီးစာရေးဆရာက အမဖြစ်သွားပြီ..။ အားပေးမယ်နော် : )

commentinfo By: တက်ခေတ် at Nov 18, 2012
Comment #22

အရမ်းမိုက်တယ်…

commentinfo By: vampiremalay at May 6, 2013
Comment #23

အားအကြီးကြီးဖြစ်သွားစေတဲ့ ကွန်းမန့်လေးတွေအတွက် အများကြီးကျေးဇူးတင်ပါတယ် ..

ကျွန်တော့် အားဆေးလေးတွေရယ်

တကယ် ကျေးဇူး

commentinfo By: athaekwelmoe at May 20, 2013
Comment #24

ဖတ်ပြီနော်( ကုန်ချောများကို အစဉ် စောင့်မျှော်လျှက်ပါ ၃၃)

commentinfo By: Zp at Dec 13, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment