Professional Authors

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ (နိုးဝေ ကဗျာ-၂)

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။

မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။

ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။

တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —

အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့
ဆက်စပ်ပြီးရေးထာခဲ့တာမို့ အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)

(ကဗျာဆရာ နိုးဝေရဲ့ ကဗျာ တစ်ပုဒ်ပါပဲ.)

In: ကဗျာ,Others Posted By: Date: Aug 26, 2010
Comment #1

အိပ်မက်မြင်မက်သလို ခံစားရပါတယ်

commentinfo By: pai soe at Aug 13, 2013
Comment #2

ယုံရပါ့မလား
တော်တော်အပြောကောင်းတဲ့လူဘဲထင်တယ်

commentinfo By: sayhenayhtoo at Aug 17, 2013
Comment #3

လေးစားပါတယ်

commentinfo By: Ye Htet Aung at Sep 8, 2013
Comment #4

ကောင်မလေးကိုတော်တော်ချစ်ပုံပဲဗျ။
အလွန်ကောင်းတယ်ဗျာ။ကိုယ့်ရင်ထဲကခံစားပြီးရေးထားပုံပဲ။or what?

commentinfo By: [email protected] at Sep 9, 2013
Comment #5

ဒီကဗျာရေးတဲ့သူက တော်တော်အချစ်ကြီးပုံပဲနော် အချစ်ကြီးရင် အမျက်ကြီးတယ်နော် နည်းနည်းလျော့ဦး
သြော် ဒါနဲ့ သက်ဆင် ဆိုတာဘာပြောတာလဲ နားသိပ်မရှင်းဘူး ကဗျာလေးကကောင်းတယ် ကြွေ အားပေးနေပါတယ်ထပ်ရေးပါဦး…

commentinfo By: ငွေမှုံကြွေ at Nov 3, 2013
Comment #6

အရမ်းကောင်းတယ်

commentinfo By: soemaungmaung1 at Nov 6, 2013
Comment #7

လေးစားပါတယ်ဗျာ။အရမ်းတော်တာပဲ

commentinfo By: Ja Lan at Nov 19, 2013
Comment #8

ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ …
ချစ်ရင်းစိတ်ငြစ်ရင်း ချစ်ရင်းစိတ်ပျက်ရင်း ချစ်ရင်းစိတ်ကုန်ရင်းနဲ့ ခုထိ ချစ်မိနေတုန်းဘဲ … ကဗျာလေးကို အရမ်းကြိုက်ပါတယ် … 🙂

commentinfo By: ခရမ်းရင့် at Nov 19, 2013
Comment #9

facebook ဆွဲချလိုက်ပြီ အကို

commentinfo By: thawna at Dec 27, 2013
Comment #10

အရမ်းမိုက်​လို့..ပြန် shareပြီ

commentinfo By: nyinyitoe at Jan 29, 2014
Comment #11

အရမ်းမိုက်ပါတယ်.. ဖတ်လို့ကောင်းတယ် အခုချိန်မှ ဖတ်ရတာတောင်

commentinfo By: Ngu War at Feb 28, 2014
Comment #12

စာသားရွေးထားတာတော့ လေးစားသွားတယ်

commentinfo By: Thar Cho at Mar 3, 2014
Comment #13

ကောင်းသောကဗျာ ဖြစ်၏

commentinfo By: vizaya at Mar 24, 2014
Comment #14

သမီးလည်း ကြိုက်တယ်လို့

commentinfo By: ကြက်ခြေခတ် X at Mar 24, 2014
Comment #15

ဖတ်ရတာအရမ်းကောင်းပါတယ် ကြိုက်တယ်

commentinfo By: winkokonaing at Mar 25, 2014
Comment #16

ခုမှစာပြန်ဖတ်ဖြစ်တယ် မိုက်တယ်ကြိုက်တယ် ရင်ထဲကိုတန်းရောက်တယ် တိုက်ဆိုင်နေလို့လားတော့မသိဘူးကောင်တယ်ဗျာ။

commentinfo By: winkokonaing at Mar 25, 2014
Comment #17

သက်ဆင်ဆိုတာထိုင်းအစိုး၇ဟောင်းကိုပြောနေတာဟုတ်လာအစ်ကို
စာသားကတော.မိုက်တယ်

commentinfo By: nang khin kyi pyar at May 27, 2014
Comment #18

ပထမဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ

commentinfo By: winkokonaing at May 31, 2014
Comment #19

ဒါလည်း ငါ့ကိုရေးထားတာပဲ Wind . . .လိမ္မာတယ်. . .ရှင်းလိုက်ဦး မောင်လေး။

commentinfo By: Cloud at Jul 15, 2014
Comment #20

မိုက်​ပါတယ်

commentinfo By: kaunghtetnaing at Nov 22, 2014
Comment #21

အရမ်းမိုက်တယ်

commentinfo By: sharlaithwin at Dec 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment