Professional Authors

နောက်ဆုံးနှုတ်ဆက်ပွဲ

လက်ခြင်းထပ်ခဲ့တဲ့ မင်္ဂလာပွဲမှာ
အရံသတိုးသား တယောက်အဖြစ်နဲ့
ဟန်ဆောင်သရုပ်ဆောင်ရင်း ငါ့ငေးကြည့်နေတဲ့
မင်းရဲ့အပြုံးတွေက ငါ့နှလုံးသားကျည်ချက်ထိသလို
ဆူးယှနေခဲ့တာ မင်းသိနိုင်မည်မထင်
သို့သော် ငါ့အနာဂါတ်တွေ
ငါ့မျှော်လင့်ချက်တွေ မင်းရှေ့မှာ ပျောက်ဆုံးလို့
ရူးသွပ်တော့မလို ဖြစ်နေခိုက်
ငါ့အတွေးထဲက အတိတ်သမိုင်းတွေကို
မင်းရှေ့မှာခဝါချလို့ မေ့လိုက်ချင်ရဲ့
ငါ မသက်သာလို့ မင်းကိုရှုံးခဲ့တာ ဓနငွေကြေးတွေကြောင့်ပေါ့…

မကြာမှီမှာ ပြီးဆုံးတော့မည့်
မင်းရဲ့မင်္ဂလာပွဲ ညစားပွဲတွေကျင်းပလို့
ပျော်ရွှင်ခဲ့ပေမဲ့ ငါ့အတွက်တော့
အထီးကျန်တယောက်တည်း ထိုညမှာ
အငြိုးကြီးသော ညမိုက်တွေကို
ကျော်ဖြတ်ဖို့ ငါ ကြိုးစားနေရင်း
ဝါးမျိုခံလိုက်ရတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာတွေအပြည့်နဲ့ ရီဝေယစ်မူးခဲ့
ပေါက်ကွဲသံစဉ်တွေက ငါ့တိုင်းပြည်
ငါ့ဘဝကြီးတစ်ခုလုံး ပျက်စီးမီးတောက်လို့
ကမ္ဘာမကြေ စာတမ်းတင်ခဲ့တာ
ငါ့ဘဝသင်္ခန်းစာတွေနဲ့ ဒေါက်တာဘွဲ့ရရှိခဲ့တယ်..

ပျော်ရွှင်ပါစေ မင်းတို့အသိုင်းဝိုင်း
လက်သိုင်းကာ ချစ်ရည်လူးတော့
ရှက်တိုင်မှာ ပျားရည်တွေယှက်လို့
မင်္ဂလာညစစ်ပွဲလေး အောင်ပွဲခံကာ
သဘင်စင်တင်လို့ ဇာတ်ခုံပေါ်မှာ
တူနှစ်ကိုယ်တိုင်းပြည် ကျင်းပခဲ့တာ
အခုဆို မင်းပျော်နေမှာ..
ငါ့အတွေးထဲ ထင်ယောင်လာတယ်
သို့သော် ငါ့ ပေါက်ကွဲသံတွေက
ပတ်ဝန်းကျင်ကိုတောင် စော်ကားမိသလိုဖြစ်ခဲ့
အရပ်က ငါ့ကို ကြင်နာမှုခေါင်းပါး
မသနားသလို ရုံးတိုင် ဂတ်ပို့ကြလို့
အချုပ်ခန်းထဲတောင် ရောက်တော့မယ်လေ…

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

အားပေးသွားပါတယ်…………………
အရမ်းကြိုက်ပါတယ်…

commentinfo By: yaewintaung at Oct 10, 2011
Comment #2

အစ်ကို့ ခံစားချက် တွေအမှန်တွေလား

ဟဲ………….ဟဲ…………

commentinfo By: ဒေါ်ရွှေအ at Oct 11, 2011
Comment #3

တကယ့်အဖြစ်မှန်ဆိုရင်တော့ စာရေးသူအတော်နာကျင်မယ်ထင်တယ်ဗျ
ကဗျာကောင်းတစ်ပုဒ်လို့မြင်ပါတယ် ။

commentinfo By: X - ray at Oct 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment