မင်းတစ်ယောက် ပျော် ပါ စေ
မင်းကို အမှန်အတိုင်းမပြောနိုင်လို့
ရင်ခုန်တိုင်းငါလိမ်မိတယ်… ..
မင်းစိတ်ကို ငါမမှန်းနိုင်လို့
ငါ့အနာဂတ်ကို ဦးနှောက်အတိုင်း
ခါးခါးလေးချရေးတယ်… ..
မင်းလက်လှမ်းလည်း ငါမမှီနိုင်လို့
ဆက်မကမ်းတော့ရင် မင်းအတွက်အကောင်းဆုံးဖြစ်မယ်… ..
မင်းအတိတ်ကို ဂရုမစိုက်သလို
မင်းအနာဂတ်ကို ဆေးရောင်လှလှလေးခြယ်မပေးနိုင်ဘူး
ငါ..မင်းကြောင့်
နှလုံးသား ပစ်ရလည်း
မက်ခွင့်ရခဲ့တဲ့ အိပ်မက်လှလှလေးတွေနဲ့
ဖြေ သိမ့် နိုင် ပြီ… ..
အချိန် ၃ နှစ်က
ငါ့အတွက် ၃ ရက်မဟုတ်ပေမယ့်
၃ ရက်လို့စိတ်ထဲမှာမှတ်
လက် ၅ ချောင်းထောင်ရင်း
ငါ မင်းကို
နှုတ်… ..ဆက်…တယ်
မင်း တစ် ယောက် ပျော်ပါစေ ။
9th October,2011.
8:30 am
Comment #4
အားပေးသွားတဲ့ ကောင်းကင်ချို ၊ ကေသရီ ၊ လုလင်ငယ်သွေး တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ ကျွန်တော် ဒီကိုမလာဖြစ်တာကြာပေမယ့် သူငယ်ချင်းများ ကျွန်တော့ကိုမမေ့ကြလို့ တကယ်ကျေးဇူးတင်တယ်ဗျာ ။
By: X - ray at Oct 10, 2011
Comment #6
ha,,ha,, 😀 😛
mike hma mike.
By: ei lay at May 4, 2012
Comment #7
ဆက်လက်အားပေးနေမှာပါ…………ကြိုးစားထားနော်
By: ဧပ၇ယ် at Sep 3, 2013
Comment #8
ငါမင်းကြောင့်နှလုံးသားရပ်စဲလည်း
မက်ခွင့်ရခဲ့တဲ့အိပ်မက်လှလှလေးတွေနဲ့
ဖြေသိမ့်နိုင်ပြီ
အရမ်းလှပတဲ့ကဗျာလေးပါ
ကြိုက်တယ်
By: myth at Sep 6, 2013




Comment #1
မင်းတစ်ယောက်ပျော်ပါစေ….တဲ့
အဲ့နေရာလေးကြိုက်တယ်….