Professional Authors

ဘယ်အချိန်ထိလဲ

လူးလွန့်ကျိုးကြေနေခဲ့…..

မိုးရေတွေထဲ  နင်ပြန်မချစ်တဲ့အဖြစ်နဲ့

စုတ်ဖြဲ ငါ့ ရင်ဘတ်မှတ်တမ်း

သိမ်ငယ်မှုတွေထဲ ပစ်စက်လက်ခတ်ပြန့်ကျဲလို့…..

နင်ဟာ အနီးအဝေးမှုန်နေသူတစ်ယောက်လား  ချစ်သူ

တကယ်ဆို ငါက

နင့်ရဲ့နောက်ကို အရိပ်လိုလိုက်ရင်း

အိပ်မက်တွေ ခလုတ်တိုက်ကွဲခဲ့တဲကောင်ပါ…..

ဆိုနေကြစာသားတစ်ကြောင်း

နင် ဥပက္ခာပြုထားတဲ့ ငါ့ရင်ခွင်

မှောင်မိုက်ခြင်းတွေထဲ နစ်မွန်းလို့

ငါ့ ကို လက်ကမ်းပေးပါလား ချစ်သူ…..

နွေးထွေးမှုမပေးခဲ့သူ

နင့် အကြင်နာမှန်သမျှနဲ့

ထပ်တူကျချင်တဲ့လူ ရူးသွပ်သူ ငါက

အလင်းတွေနဲ့ ရောက်လာမယ့် မနက်ခင်း (ဒါမှမဟုတ်)

ခရမ်းရောင်လက်ထနေတဲ့ညနေ

အဲ့ဒီရောက်လာမယ့်နေ့ဆီ

မျော်လင့်ခြင်းထောင့်တစ်နေရာက

ခုထိ စောင့်လို့နေတုန်းပဲ………. ။     ။

 

 

                                                         စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

nin u pyit khar pyu htar de ngar yin kwin,,
hmaung mike chin tway hte nit mon loh,,
nin a kyin nar hman ta hma ne,,
htet thu kya chin de thu
u tut thu,,

commentinfo By: ei lay at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment