Professional Authors

ဒိုင်ယာလောခ့် ကဗျာ

 

 

ကိုယ်က မင်းရဲ့ နားရွက်လေးကို သိပ်ချစ်တာ

အဲဒီဝတ္ထုကို ကျွန်မ ဖတ်ဖူးတယ်

မင်းရဲ့ ဆံနွယ်ရှည်တွေကိုလည်း ကိုယ် စွဲလမ်းတယ်

ကဒါဖီပြီးရင် ဘယ်သူထပ်ပြီး ဇာတ်ခုံပေါ် တက်ဦးမလဲ မသိဘူးနော်

မင်းနဲ့ ပတ်သက်ရင် အားလုံးကို ကိုယ် ချစ်တာပါပဲကွာ

သဘာဝ ဘေးအန္တရာယ်တွေ မြန်မာနိုင်ငံမှာ အဖြစ်များလာတယ်နော်

မင်း ကိုယ့်ကို ပြန်ချစ်နိုင်မလား ဟင်

ကျွန်မက ကိုရီးယား မင်းသားတွေ မကြိုက်ဘူးရှင့်.. နုလွန်းတယ် သူတို့က

ကိုယ်သာ မင်းအချစ်ကို ရခဲ့ရင် လောကမှာ အပျော်ဆုံး လူသားဖြစ်မှာ သေချာတယ်

စတိဗ်ဂျော့ကြီး စောစော သေတာ နှမြောဖို့ကောင်းတယ်နော်

ကိုယ်တို့ နှစ်ယောက် ချစ်သူတွေဖြစ်ရင် ကိုယ်မင်းကို အရမ်းဂရုစိုက်မှာပါကွာ

တရုတ်ကိုတော့ ကျွန်မ ကြည့်မရချင်တော့ဘူး

မင်း  ဖြစ်ချင်တာ မှန်သမျှ အကုန် ကိုယ် ဖြည့်ဆည်းပေးပါ့မယ်

တော်သေးတယ် ကျွန်မတို့ ဧရာဝတီ ရေတိမ်နစ်တော့မလို့

ကိုယ်မင်းကို အပျော် မတွဲပါဘူး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အနာဂတ်ကမ္ဘာအတွက် အရမ်းကို အရေးကြီးလာပြီပဲ

တစ်နှစ်လောက်တွဲပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်လေ

လူတိုင်း ကိုယ်စီ အသိစိတ်ဓာတ်ရှိရင် ကမ္ဘာကြီး သက်ဆိုးရှည်မှာပါလေ

ကိုယ်တို့ လက်ထပ်ပြီးရင် အခြားမြို့တစ်မြို့မှာ အခြေချကြမယ်

ကျွန်မကတော့ ပရဟိတကို စိတ်ဝင်စားတယ်ရှင့် ..ရှင်ကော

ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းကြမယ်

သက်ကြီးရွယ်အိုတွေကိုလည်း ဒီအတိုင်း ပစ်မထားသင့်ဘူး

ကိုယ်တို့ ကလေး လေးတွေလည်း အများကြီး မွေးမယ်နော်

အမေရိကန်မှာ အိုဘားမား သမ္မတ ဆက်ဖြစ်ရင် ဘယ်လိုနေမယ်လို့ ၇ှင်ထင်သလဲ

တစ်ယောက်က မင်းနဲ့တူမယ် နောက်တစ်ယောက်က ကိုယ်နဲ့ တူမယ်

မြောက်ကိုရီးယားကိုလည်း သတိထားသင့်တယ်

ကိုယ့်ကို ပြန်ချစ်နိုင်မလားဟင်

ကျွန်မက ခေတ်လူငယ်ရှင့် တစ်လမ်းသွားမဟုတ်ဘူး

 

မိုးအိမ်လူ

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

kwi,,kwi,,
rofl,,,,
i can’t stop laughing for 10 mins.
ur wonderful poem is so nice..
u r so talented.

ur poem show my life.
like he & me,,,
we r always parallel,,
have hot & cold feeling,,
different attitudes
opposite decisions.
i love,,he hate
i like,,he dislike

commentinfo By: ei lay at Feb 15, 2012
Comment #2

ကဗျာကဖတ်ရတာ အဆက်အစပ်မရှိပေမယ့် ရေးထားတဲ့ပုံစံကအနှစ်သာရသိပ်ရှိတယ်
ပညာတွေ နည်းနည်းလေ့လာသွားတယ်ဗျာ ။

commentinfo By: X - ray at Feb 16, 2012
Comment #3

ခင်ဗျားကဗျာတွေက ကျနော့်ကို မျက်လုံး ပင့်စေတယ်
အပန်းမကြီးဘူးဆိုရင် [email protected] ကို အပ်ပေးပါလားဗျာ
စကားလေးဘာလေး ချင်လို့ပါ 😀

commentinfo By: မောင်မြတ်သူ at Feb 16, 2012
Comment #4

ပြော ကျန် ခဲ့ တယ် ဗျာ စကား လေး ဘာလေး ပြော ချင်လို့ လို့ ရေး လိုက် တာ ပါ 😀

commentinfo By: မောင်မြတ်သူ at Feb 16, 2012
Comment #5

ကျွန်မက ခေတ်လူငယ်ရှင့် တစ်လမ်းသွားမဟုတ်ဘူး
…ဟုတ်ပါ့

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment