Professional Authors

ညမင်းသား

နေလုံးအ၀င် ဇာတိပြချိန်

မှောင်ရိပ်ခို ၀တ်ရုံနက်နဲ့

သားကောင်ရနံ့ ခပ်ပြင်းပြင်း
ရူပါရုံ လေတစ်ချက်အဝှေ့မှာ

အလိုရမ္မက်တွေ ဖျတ်ခနဲထ

သွေးသားတွေ ဗလောင်ဆူကြွ
ဆာလောင်ပြင်းပြ အာသီသ

မိုက်ရူးရဲခြေလှမ်း ခပ်ဖွဖွ

စူးရှရှ ၀ံပုလွေမျက်လုံးနဲ့
အနှိုင်းမဲ့ မာယာအပြုံးမှာ

ခြေချင်းလိမ် မုသားတစ်သိုက်က

သံချေးတက် နှလုံးသားကို
သိုးသူငယ် ၀တ်ရုံလဲလို့

သားကောင် ညှို့စက်ကွင်းထဲက

မီးတောက် ရင်ခုန်သံတွေကြား
အညှို့ခံ ယာဇ်ကောင်အတွက်

အောင်ပွဲခံ ကဗျာသံနဲ့

သရဖူဆောင်းတဲ့ ညမင်းသား

Tags:

In: ကဗျာ Posted By: Date: Aug 14, 2010
Comment #1

ကောင်း ဘူး ထင်တယ်…..။ ဟဲဟဲ နောက်တာနော်…။
အားပေးလိုက်ပါတယ်….။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #2

ကဗျာရေးသူပေးသလောက် ကဗျာဖတ်သူ အပြည့်အ၀မရသွားတာ ကျွန်မညံ့နေသေးလို့ပေါ့ 🙂

Comment #3

ဟာ ကျွန်တော်ဒီလိုပြောလိုက်တာမဟုတ်ဘူး…။တောင်းပန်ပါတယ်ဗျာ..။ ကျွန်တော်က စတာပါ…။
စိတ်ကူးတစ်မျိုးနဲ့ရေးထားတာပဲ ကောင်းပါတယ်….။ကျွန်တော်ပြောတာ အမှားပါရင်တောင်းပန်ပါတယ်… အစ်မရေ…..။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #4

ကြိက်တယ်ဗျာ

commentinfo By: Red Demon at Jul 20, 2011
Comment #5

အောင်မလေး
ကြောက်စရာညမင်းသားပါလား
ဘာလုပ်မလို့လဲမသိဘူးနော်
ပုံလေးတော့ကြိုက်တယ်

commentinfo By: khayay at Aug 19, 2011
Comment #6

ညမင်းသားတဲ့ နဲနဲတော့ကြောက်ပေမယ့်
စိတ်ဝင်စားဖို့ကောင်းနေတယ်

commentinfo By: jasmine at Oct 18, 2011
Comment #7

တစ်ကယ်ကောင်းပါတယ် ခဏခဏဖတ်ဖြစ်တယ်
ဘယ်နှစ်ခါဖတ်ဖတ်မရိုးတဲ့ကဗျာပါ
ခဏခဏအားပေးတယ်နော်

commentinfo By: harris at Nov 18, 2011
Comment #8

ကောင်းပါတယ်ဗျာ Ariesprincess တကယ်ကိ
ုကောင်းပါတယ်..အားပေးပါတယ်ဗျာ…နောက်လဲဒီ
ထက်ကောင်းတာလေးတွမျာများရေးပေးပါ…..

commentinfo By: modernpoemlay at Jan 16, 2012
Comment #9

တွေ့ဖူးသမျှထဲမှာခင်ဗျားကဗျာကအကောင်းဆုံးဘဲ။ သုံးထားတဲ့စာသားကအရမ်းကောင်းတယ်။ဘယ်ကရတာလဲ။

commentinfo By: soe wunna at Feb 6, 2012
Comment #10

ဦးနှောက်ထဲက ထွက်ကျလာတာပေါ့ 🙂

commentinfo By: Ariesprincess at Feb 7, 2012
Comment #11

good

commentinfo By: koko at Feb 18, 2012
Comment #12

VG……byar…..kyite…..tal……x)

commentinfo By: Jack at Mar 12, 2012
Comment #13

ယခုခေတ် ကဗျာတွေက ဖတ်လို့ကောင်းတယ်
ရှေးခေတ်ကဗျာတွေက ခံစားလို့ကောင်းတယ်

commentinfo By: phoe kyaw at May 1, 2012
Comment #14

စကားလုံး တစ်ခုချင်းစီကို ကြိုက်တယ် စကားစု တစ်ခုချင်းစီမှာ အဓိပ္ပါယ်တွေ လေးနက်တယ်
ဒါပေမဲ့ အားလုံးကို ခြုံလိုက်တော့ ကခုန်ခြင်း သီးချင်း တစ်ပုဒ် ဖြစ်သွာတယ်
ရင်ထဲမှာ ကျန်မနေဘူး ဆိုလိုတာက အဓိပ္ပါယ် သို့မဟုတ် အကြောင်းအရာ တစ်ခု ရမသွားဘူး။
ဖြစ်ညစ်ယူလိုက်ရင်တော့ ရလိုက်ပါတယ် ဒါပေမဲ့ ညစ်ထုတ်မှ ထွက်လာတာ ရင်ခုန်သံ မဖြစ်လိုက်ပါဘူးလို့ ခံစားရတယ်။

ကွန့်မက် ပေးသူရဲ့ ညံကွက်တွေ ဘဲ ဖြစ်မှာပါ

commentinfo By: BlueHope at Jul 12, 2012
Comment #15

အားလုံးကောင်းပါတယ် အကုန်နီးပါးလဲ ဖတ်ထားပြီးပါပြီ ကျေးဇူးတင်ပါတယ်။

commentinfo By: ရကောက်နောက်ပစ် at Jul 13, 2012
Comment #16

ဖတ်ရတာအရသာရှိလိုက်တာ..ဘယ်လောက်ဖတ်ဖတ်မရိုးဘူးနော်..

commentinfo By: shine lat nwe oo at Aug 10, 2012
Comment #17

ကဗျာတွေ မတွေးတတ် မရေးတတ်ပါဘူး…………
ဒီကဗျာကိုဖတ်ြ့ပီး…နေ၀င်ချိန် သူငယ်ချင်းတွေနဲ့ အတူသောက်ခဲ့တဲ့
ညအမှောင်ထဲက စကားလေးကိုသတိရမိတယ်……….။
အားပေးလျက်………………..

commentinfo By: alloy at Oct 7, 2012
Comment #18

်ခထခ

commentinfo By:ိdemon at Oct 12, 2012
Comment #19

အရမ်းကောင်းတယ်

commentinfo By: channyein at Jan 10, 2013
Comment #20

ကဗျာဆိုတာ..ခံစားချက်ချင်းတူတဲ့အခါ အရမ်းခံစားရပြီး…ရသမြောက်စာသားလေးတွေဖြစ်သွားတတ်ပါတယ်..အရမ်းကျေးဇူးတင်ပါတယ်

commentinfo By:့ hanmyatthu at Apr 6, 2013
Comment #21

အဝေးကချစ်သူ ………….ပြန်ချော့ချင်တယ်

commentinfo By: yethua8 at Aug 4, 2013
Comment #22

အရမ်းမိုက်

commentinfo By: kyaw si thu at Nov 1, 2013
Comment #23

ကောင်းတယ်​..

commentinfo By: la yaung at Jun 15, 2014
Comment #24

ညမင်းသား

commentinfo By: Arkar at Sep 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment