Professional Authors

တွင်း

ဘယ်ဒြပ်ထဲမှ ပျော်ဝင်ကြည့်လို့မရတဲ့အခါ
စည်းအပြင်ဘက်က
တူးထားမိလျက်သား တွင်းမှာ

အရွှေ့ဟာ ဖြောင့်စရာမလိုခဲ့
ပုဂ္ဂလဆန်ခဲ့တယ်

နေ့များဟာ ဝါကျတွေ ကုတ်ခြစ်သွားတဲ့ စာအုပ်ပဲ
သက္ကရာဇ် အော်သံများ နက်ခဲ့

မိတ်ကပ်လိမ်းထားတဲ့ ချစ်ခြင်းတွေနဲ့
ဘယ်သိုးကိုမှ ယုံကြည်လို့မရတော့တဲ့ ဝံပုလွေတစ်ကောင်ပါ

မေတ္တာကို ကဗျာတွေနဲ့သာ ဆာခဲ့တယ်

စုန်းပြူး

 

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

a hman da ke p pyay sone de chit chin tway ne min yin kwin hmar nar kho kwint,,,
lone wa kway twar de,

commentinfo By: ei lay at Feb 16, 2012
Comment #2

အမှန်တကယ်ပြီးပြည့်စုံတဲ့ ချစ်ခြင်းတွေနဲ့
မင်းရင်ခွင်မှာ နားခိုခွင့်ကို
ရိုကျိုးသိမ်မွှေ့စွာနဲ့
အမြဲတမ်း ငါ နာခံပါရစေလားဟာ…

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment