Professional Authors

ငိုကြွေးသံ

ဇာတ်လမ်းဆုံးရင်မင်းသားနဲ့ မင်းသမီးနဲ့ ပေါင်း
ပရိတ်သက်ကဘ၀င်ကျသွား
အဲ့ လိုရိုမန့် စ်ဆန်ဆန်လေးထဲက
ငါကဗီလိန်တစ်ယောက်လို
ဇာတ်နာအောင်
ငါ့ ကိုယ်ငါချခင်းလိုက်တော့ 
မယ်သီတာမုန်းတဲ့ 
မျက်နှာများတဲ့ မောင်ဖြစ်နေပြန်တယ်
တစ်ကယ်ဆို
အချစ်ကဝေမျှစားလို့ ရနိုင်တဲ့ 
ခံစားမှု့ မဟုတ်မှန်း
သိသားပဲအိန်ဂျယ်လ်ရယ်
ငါ့ ကိုထားသွားလဲ
ငါ့ စာမျက်နှာတွေမှာ
ခဏခဏအော်နေမဲ့ 
သူရဲဘောကြောင်တဲ့ 
ငကြောင်တစ်ကောင်ပါ
အဲ့ လိုတမ်းချင်းတွေ
ဖွင့် ချလိုက်တော့ 
လူတွေရီနေပြီ
အိန်ဂျယ်လ်ရေ……………

             မင်းလူန

In: ကဗျာ Posted By: Date: Oct 16, 2010
Comment #1

ကိုယ်ချင်းစာပေးလို့ ကျေးဇူးပါကိုဇာတိနောင်

commentinfo By: kathitni1980 at Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment