Professional Authors

ငါ ငိုကြွေးနေဆဲပါ…….

တစ်သက်တစ်ခါ ရည်ရွယ်ပြီးမှ
မစဉ်းစားဘဲ ထားခဲ့ရက်ပါ့မလား…..
ပိုင်ဆိုင်ချင်တဲ့ နှစ်ယောက်တွဲဘဝ
စုံမှိတ်မြူးဖို့  အခွင့်ထူးတွေ ငါမပိုင်ဆိုင်ခဲ့ပါဘူး
နားလည်မှုတွေနဲ့တည်ဆောက်
မြဲခဲ့ဖူးတဲ့ ငါတို့လက်တွေလည်း
တံတိုင်းကြီးကို မတွန်းလဲနိုင်ခဲ့ဘူးလေ
တစ်ဖက်တစ်ချက်မှာ သီးခြားရှိနှင့်ခဲ့တဲ့
အနာဂတ်ကိုယ်စီနဲ့
အသိုင်းအ၀ိုင်းတွေထဲ….ငါတို့…..
ဖြစ်သင့်တာတွေ လက်ခံနိုင်ကောင်းရဲ့
ကမ္ဘာ တစ်ဖက်တစ်ချက်စီရဲ့ အကွာအဝေးတွေထဲ
ပျော်ခဲ့ဖူးတဲ့ အတိတ်တွေနဲ့…..
နင်ဘယ်အထိ ရှင်သန်နေနိုင်မှာလဲဟာ…..
တစ်ကိုယ်ကောင်းဆန်မှုနဲ့ မရည်ရွယ်ခဲ့ပေမယ့်
ချစ်လျက်နဲ့ မဆုံရတဲ့ဒဏ်….
နင်မခံနိုင်မှာ စိုးတယ် ငါ့ချစ်သူရယ်….။
နာကျင်လွယ်တဲ့ နင့်နှလုံးသား…..
အလွမ်းတွေရဲ့ထိုးနှပ်မှု ဘယ်အတိုင်းအတာထိ
ခံနိုင်ပါ့မလဲ…..?
အလွမ်းတွေရဲ့အဆုံး…..မဆုံနိုင်ခြင်းတွေသိနေရက်
ဘာတွေနဲ့ ငါတို့ဖြေဖျောက်ကြမလဲ…..။
အိပ်မက်တွေနဲ့ အသက်ဆက်ချင်ခဲ့လည်း
ဘ၀ဆိုတာကြီးက စိတ်ကူးတွေနဲ့ တစိမ်းဆန်နေတယ်လေ…။
မဖြစ်နိုင်မှုတွေကြားက
ငါ့ရင်နဲ့ရင်းပြီး….နှုတ်ဆက်မိတဲ့ငါ့ရဲ့စကား….
နင့်မှတ်ဥာဏ်က အသိအမှတ်ပြုလျက်
ခွဲခဲ့ကြပြီပေါ့…..။
ကျောခိုင်းခဲ့တဲ့ လမ်းဟောင်းတစ်ခုထဲ
ရောက်မလာနိုင်တော့မယ့်……
နင့်ပုံရိပ်တချို့နဲ့…..ငါတစ်ယောက်တည်းအသက်ဆက်….
မဖြစ်နိုင်ခဲ့တဲ့ ငါတို့ချစ်ခြင်းတွေအတွက်
ငါ ငိုကြွေးနေဆဲပါ….။

In: ကဗျာ Posted By: Date: Oct 1, 2010
Comment #1

ဘယ်လိုမှမဆုံနိုင်ကြတော့ဘူးလား……………..
ဘာကြောင့်မဖြစ်နိုင်ကြတာလဲဟင်……..
ချစ်နေလျက်နဲ့တကယ်အဝေးခံနိုင်လို့လား??????
ရင် နှစ်ခုလုံးငိုကြွေးနေမှာလေ။။။။
ဒီကဗျာလေးကိုဖတ်ပြီးခံစားရလို့ပါ။ :'(

commentinfo By: moezat at Oct 2, 2010
Comment #2

ခံစားရတာထပ်တူဖြစ်နေလို့ ဒီကဗျာလေးကိုကူးသွားခွင့်ပြုပါနော်..
ကေသရီလည်း ပျော်ရွှင်ရတဲ့နေ့ရက်တွေပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..

commentinfo By: kyi kyi at Oct 4, 2010
Comment #3

ဘ၀တွေရဲ့စာမျက်နှာထက်ကတစ်ကယ့်အဖြစ်အပျက်တွေပါလား
ဒီလိုပေးဆပ်ကြေကွဲစရာတွေကဓနဆိုတဲ့အရာရဲ့သားကောင်တွေပါဘဲ
ဖြစ်လေရာဘ၀တိုင်းအတွက်ဒီအဖြစ်တွေဝေးပါစေ……ဝေးရပါစေ

Comment #4

အရမ်းကောင်းပါတယ်…ခံစားချက်ခြင်းတိုက်ဆိုင်ပါတယ်

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #5

ကေသရီ
နင်နဲ့ငါနဲ့တော့မဟုတ်တော့ဘူး ထင်တာဘဲ
တူတာတွေကများလိုက်တာ
ဘလို ဘ၀မျိုးပါလိမ့်နော်

commentinfo By: Flora White at May 3, 2011
Comment #6

ဟုတ်မယ် Flora White ရေ…….
ဒီလိုပါပဲ ခံစားရဖို့ ဖန်လာတော့လည်း….
အသည်းလှိုက် အူလှိုက် ခံစားပေးရတာပေါ့ဟယ်…..။

commentinfo By: ကေသရီ at May 6, 2011
Comment #7

အချစ်သည်လူတစ်ယောက်ကို ကဗျာဆရာဖြစ်စေနိုင်၏ ^_^

commentinfo By: Moe Thit Lay Pyay at May 6, 2011
Comment #8

feeling is so much great that i can’t stand anymore.

commentinfo By: ei lay at Aug 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment