Professional Authors

ငိုကြွေးခြင်းသံစဉ်

နိဒါန်းမဲ့စွာစခဲ့တဲ့ ငါ့ဘဝဟာ

နိဂုံးမဲ့စွာ အဆုံးသက်ခဲ့တယ်

ပုခက်နဲ့အခေါင်းကြားမှာ ရှင်သန်လာတာ

ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်လို့

မျှော်လင့်သလိုဖြစ်မလာတဲ့ မျှော်လင့်ခြင်းတွေကို

ဘယ်လိုမျှော်လင့်ရမလဲ

လမ်းမှန်ရောက်ဖို့ကို

အမှောင်တွေက သိပ်သည်းလွန်းအားကြီးတယ်

ရုန်းလိုက်တိုင်းနစ်တဲ့

ငါ့ဘဝထဲမှာ

ကြိုးတစ်ချောင်းတောင် ရှာမတွေ့ခဲ့ဘူး

အော်

ငါကိုယ်တိုင်က ရေနစ်မှတော့

ကံကြမ္မာက ဝါးကူထိုးတော့မှာပေါ့….

 

                                   ပြာရည်

In: ကဗျာ Posted By: Date: May 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment