ထားခဲ့လိုက်တော့
နားလည်မှုတွေလွဲတယ်
နားလည်မှုတွေလွဲမယ်…။
ထားခဲ့လိုက်တော့…. “ဟန်နီ”
အစစ်တွေပေးပြီးရခဲ့တဲ့အတုတွေအကြောင်း
သံသရာအဆက်ဆက်နားလည်နိုင်မှုမှာ
ငါ့ကိုယ်ငါရင်းခဲ့ရတာပါ
ထားခဲ့လိုက်တော့…..“ဟန်နီ”
မယုံကြည်နိုင်ခြင်းရဲ့အစွန်းဆုံးအရပ်တဒေသမှာ
မနေ့က ချစ်ခဲ့ခင်ခဲ့သူအပေါင်းဟာ
ခါးခါးသက်သက် တစိမ်းတရံများပမာ
ထားခဲ့လိုက်တော့…. “ဟန်နီ”
အချိန်တွေအတန်လွန်သွားခဲ့လို့
ငါတို့တွေ…..
ရိုးသားစွာကွဲကွာသွားခဲ့ကြသည်
ထားခဲ့လိုက်တော့….. “ဟန်နီ”
နင်မယုံကြည်နိုင်တော့တဲ့အဆုံး
ထားခဲ့လိုက်တော့….. “ဟန်နီ”
ထားခဲ့လိုက်တော့….. “ဟန်နီ”
ထား…..ခဲ့…..လိုက်…..တော့…… “ဟန်နီ”
အမရာ
Comment #2
နားလည်မှုတွေလွဲတယ်
နားလည်မှုတွေလွဲမယ်…။
ထားခဲ့လိုက်တော့…. “ဟန်နီ”
အစစ်တွေပေးပြီးရခဲ့တဲ့အတုတွေအကြောင်း
သံသရာအဆက်ဆက်နားလည်နိုင်မှုမှာ
ငါ့ကိုယ်ငါရင်းခဲ့ရတာပါ
ထားခဲ့လိုက်တော့…..“ဟန်နီ”
Very Nice Poem.
Comment #3
htar,,,htar,,htar,,htar ke like dot,,,,
Comment #5
ရင်ကို ထိ ညိစေတဲ့ ကဗျာလေး
Comment #1
ကဗျာလေးကောင်းတယ်ဗျာ……..
အားပေးသွားပါတယ် အစ်မတော်။