Professional Authors

Relation Status

ဒီနေ့  မနက်အသစ်တစ်ခု
ချစ်သူ မပေးပဲနဲ့  လက်ဆောင်ရခဲ့တယ်
ကောင်းသော မနက်ခင်းပါ..ချစ်သူ

စာမျက်နာတစ်ခု ဝင်ကြည့်တော့
ချစ်သူရေ…Relationship  တဲ့
ငါ့စာမျက်နာတွေကကော………….

ဘောင်လေးတစ်ခုခတ်ပြီး ငါ့ချစ်သူလို့  ကြေငြာချင်တဲ့အခါ
နင့်မျက်နာတွေ ပြောင်း လေသံတွေပြောင်းတတ်တယ်နော် ချစ်သူ
ငါက နင့်အရိပ်ပါ…….စေလိုရာစေ…ပါ

အချစ်ဆိုတဲ့ စာမျက်နာတွေမြင်တိုင်း
ငါမျက်နှာတွေပူပူလာတယ်
အချစ်ဆိုတာ…ငါရေးလိုက်ပြီး ပြန်မမြင်ရတဲ့ စာလုံးလေးတစ်ချို့ ပါ..ချစ်သူ

ချစ်တယ် တဲ့ ငါ့အတွက်..လား…ချစ်သူ
ငါကြေနပ်ပါတယ်……..
ပမာဏ နည်းနည်းလေးပဲ ငါပိုင်ဆိုင်ချင်ပါတယ်
ငါပြန်ပေးနိုင်တာတွေ အများကြီးပါ……

အခုတော့ ငါ့စာမျက်နာ မှာ နင့် နာမည်လေး ရေးဖို့ 
သတ္တိတွေ မွေးပါရစေဦး..ချစ်သူ.ရေ…..။

In: ကဗျာ Posted By: Date: Jun 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment