Professional Authors

ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ် (ဖော်ဝေး)

ဆွတ်ပျံ့ချိုအေးတဲ့
တေးသံတွေကို
ငါချစ်တယ်။
သမီးလေးရဲ့
ငိုကြွေးသံဟာ
ကဗျာခံစားမှုအလား
နှလုံးသားထက်
နက်ရှိုင်းစွာစူးဝင်
ရင်ခုန်ရပြီ။
ိငိုခြင်းနဲ့ရယ်ခြင်းမှာ
အပ်တစ်ဖျားစာပဲ
အပြောင်းအလဲမြန်
နက်ဖြန်ရဲ့အသစ်
ကနေ့အဖြစ်ကို
မြိုဝါးသွားပါလိမ့်မယ်။
ဇန်နဝါရီ
မပီမသမြင်ကွင်း
နှင်းကာလရဲ့
ညအခါမှာ
ကဗျာတစ်ပုဒ်ဖွားမြင်တယ်။
အို့အို့အေးအေး
တိတ်ပါ့ကလေးရယ်
မိခင်ငယ်ရဲ့တေး
ရင်အေးစရာ။
မကြာမီ
ရာသီများစွာ
ထွက်ခွာစုန်ဆန်
နက်ဖြန်ရဲ့လက်တစ်ချောင်း
စုဆောင်းမိမယ်။
ခုနေခါတော့
ငိုကြွေးတဲ့တေးဟာလည်း
သဲလှိုက်စူးနစ်
ချစ်စရာကွယ်။ ။
ဖော်ဝေး

Credit :: http://www.manorhary.net

Comment #1

သမီးလေးရဲ့ ချစ်စရာဟန်ပန်လေးတွေ မြင်မိတယ်

commentinfo By: မေပျို at Apr 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment