Professional Authors

ပုစ္ဆာနဲ့ စားသုံးသောကိန်းဂဏန်း

စားပွဲပေါ်ပစ်တင်လိုက်တဲ့ 
စိတ်အကြွင်းအကျန်မှာ
မင်းရှိနိုင်မဲ့ စာမျက်နှာတွေပျံ့ ကြဲလို့ 
ကင်းကွာနေတဲ့ နေရောင်ခြည်ကို
နောက်တစ်ခေါက်မျက်နှာထသစ်ချိန်အထိ
ကတိက၀တ်တွေနဲ့ လေးဖတ်လုံအခန်းဟာ
သူ့ ကိုသူရိုက်ချိုးဖို့ ကြိုးစား
ရထားစီးတိုင်းရတဲ့ 
ဘ၀သင်ခန်းစာတွေအပေါ်မှာ
တစ်ရာဖိုးသုံးပုဒ်လောက်တော့ ဈေးဖြက်တယ်
ချွတ်ချုံကျနေတဲ့ လောကီကို
နောက်တစ်လှမ်းဆုတ်ပြီးကြည့် ရင်း
ငါကိုယ်တိုင်ကသက်ကွင်းထဲ
နှစ်နှစ်ခြိုက်ခြိုက်ပြေးဝင်လို့ 
အမြဲစိမ်းတဲ့ 
အမြဲစိမ်းသစ်တောတွေကို
အြုပုံးအတုနဲ့ လောင်းချနေကြတယ်
စီစီခြယ်ခြယ်ရေးဆွဲထားတဲ့ 
နံရံအပြင်ကပန်းချိကားကို
စိတ္တဇပန်ချီလို့ နာမည်ပေး
ဖွင့် ပွဲတစ်ခုလုပ်ပြီး
မိုးပျံပူဖေါင်းတွေနဲဝေစည်ခိုင်ခဲ့ ။။။။။။
ဒါနဲ့ တောင်
လူ့ ကျင့် ဝတ်အရ
ငါမြစ်တွေကိုအိမ်မက်ထဲ
ပြောင်းပြန်ပြန်စီးခိုင်းခဲ့ သေးတယ်

မင်းလူန

In: ကဗျာ Posted By: Date: Sep 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment