Professional Authors

ဖြစ်စဉ် (သက်ထွေး)

“သ” သုညလေးက
“လ” လလေးလို လုံးရင်းလုံးရင်း
“၀” ၀လုံးလေးဖြစ်လာတယ် ။

“၀” ၀လုံးလေးက
“ဂ” ဂငယ်ကွေ့မှာ
“စ” စက်ဝိုင်းကြီးလို လည်တယ်။

“စ” စက်ဝိုင်းကြီးက
“ဗ” ဗဟိုထဲမှာ
“ဘ” ဘဲဥလေးလို
“ခ” ခွမ်းကနဲ
“အ” အက်ကွဲသွားတယ် ။

သက်ထွေး
စက်တင်ဘာ ၂ ရက် နေ့လည် ၁၁း၁၁

In: ကဗျာ Posted By: Date: Sep 6, 2010
Comment #1

သ သူကြီးက
လ လူဆိုးကြီးလို
ရ ရုပ်ကြမ်းပေမဲ့
ဂ ဂျီပုန်းကြီးတယောက် အတိုင်း
န နွဲ့တယ်ဆိုပဲ။

စိတ်အဆိုးရဝူးနော်။ ချစ်လို့ စ တာ။

commentinfo By: ChIr0N at Sep 6, 2010
Comment #2

ko chiron ဆိုးလိုက်ကြီးလား။ သူ့ကဗျာကို ဖျက်ထားလို့ ပြန်ဖျက်တာလား 😛

commentinfo By: သက်ထွေး at Sep 6, 2010
Comment #3

ဖြစ်ပြီးရင်ပျက်တာပဲ…
ချစ်ဖို့ကောင်းတဲ့ ကဗျာလေးကနေ လေးလေးနက်နက် အတွေးလေး ရစေတာကို က ဒီကဗျာရဲ့ ချစ်ဖို့ကောင်းတဲ့ အချက်ပါ..
(:

commentinfo By: ဖြိုးဖြိုး at Sep 6, 2010
Comment #4

မိုက်ချက်ကတော့ကမ်းကုန်ပဲ..။။။

commentinfo By: Ema Yar at Sep 7, 2010
Comment #5

အ အက်ကွဲသွားတဲ့
သ သုညလေးက
န နံနက်ခင်းနေမင်းကြီးလို
ပ ပြန်ထွက်လာဖို့
ထ ထပ်ထပ်ပြီး တွေးနေမိတယ် (:

(အတွေးတွေ ကြည်ကြည်လင်လင်နဲ့ ဖတ်ရင်း တွေးမိတဲ့ကဗျာလေးမို့ နှစ်ခြိုက်မိသွားတယ်း) )

commentinfo By: John Moe Eain at Sep 7, 2010
Comment #6

ဒ..ဒီကဗျာကြောင့် 
က..ကျွန်တော်လဲ
တ..တစ်ခုလောက်တော့ 
မ..မှတ်ချက်ပေးချင်လို့ 
ဝ…၀င်လာတာပါ
ဂ..ဂွတ်တယ်ဗျားးးးးးးးးးးးးးးးးးးးးးးး

မင်းလူန

commentinfo By: kathitni1980 at Sep 8, 2010
Comment #7

ကိုသက်ထွေးတို့ အုပ်စုတွေ ဘ၀အတွေ့ အကြုံတွေ မှတ်သားစ၇ာ လေ့လာစ၇ာလေးတွေ ဆောင်းပါး မှာလည်းေ၇းပေးကြဖို့ အကြံပေးချင်တယ်.. အတွေးအခေါ် အယူအဆလေးတွေေ၇ာပေါ့ နော်…ဖတ်လို့ မှတ်လို့ ကောင်းမယ် ထင်မိလို့ ပါနော်..

commentinfo By: သော်တာ at Sep 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment