Professional Authors

ကြယ်ကြွေချိန် လမ်းခွဲ (သက်ထွေး)

သူလိုကိုယ်လိုပါပဲ
ကြယ်လေးကြွေသွားတယ် …
ဒါကို
သူလိုကိုယ်လိုမဟုတ်တဲ့
ကောင်ကင်ကြီးက သိတယ် …
ရှေ့နောက်တောင်မြောက်
ကြယ်ပျောက်ရှာတယ် …
တိမ်တွေကိုမေးတယ်
လေပြည်ကိုမေးတယ်
ငှက်ကလေးတွေကိုမေးတယ်
နံနက်ခင်းကို မေးတယ် …
တစ်ဖက်မှာလည်း
သူလိုကိုယ်လိုပဲ
ကြွေသွားတဲ့ ကြယ်လေးလည်း
ဆွေးလာတယ် …
သူချစ်ခဲ့ဖူးတဲ့ကောင်းကင်နဲ့
သူနဲ့ တစ်ဖြည်းဖြည်းဝေးလာတယ် …
မြေကြီးအောက် ရောက်ရမှာကို
သူကြောက်တယ် …
လင်းလက်တဲ့ကောင်းကင်အောက်
လမ်း မလျှောက်ရတော့မှာကို
သူကြောက်တယ်…
လရိပ်အောက်
အရင်လိုစိတ်မကောက်ရတော့မှာ
သူကြောက်တယ် …
ကြယ်ပျောက်ရှာနေတဲ့
ကောင်းကင်ကြီး
လျှပ်စီးတွေသီးတယ် …
သူ့ရဲ့ပူပင်သောကကို
မိုးကြိုးတွေနဲ့ညည်းတယ် …
ကြယ်ကြွေချိန်ဆုတောင်း
ကြယ်လေး သူ့ဘာသာ သူ တောင်းတယ် ,,,
နောက်
လေခေါ်ရာလွင့်ရတဲ့ တိမ်တွေအကြောင်း
အသွေးရောင်ခပ်အေးအေးနဲ့ လေပြည်နွေးတွေအကြောင်း
သူ့ဖြစ်တည်မှုကို
မဲမှောင်ပြီး သက်သေပြုပေးတဲ့
ကောင်းကင်ကြီးအကြောင်း
သူပြောင်း တွေးတယ် …
ဒီလိုနဲ့ ဘယ်သူမှမသိလိုက်ခင်ပေါ့
ကောင်ကင်ကြီးထံ
ကြယ်လေး အလင်းပြန်သွားတယ် ။ ။

သက်ထွေး
၁၈ ဇူလိုင် ၂ဝ၁ဝ

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

“ကြယ်ကြွေချိန်ဆုတောင်း
ကြယ်လေး သူ့ဘာသာ သူ တောင်းတယ်” တဲ့လား?
ကောင်းကင်ကြီး နဲ့ ကြယ်လေး ဆိုတဲ့ အသုံးလေးတွေက အရမ်းချစ်စရာကောင်းတာပဲနော်!
သူတို့နှစ်ယောက် အစား ကိုယ်ပါလွမ်းမိ နေပြီ!! မင်းအရမ်းတော်တာပဲကွာ =) ဒီက “ကြယ်လေး” လဲ “ကြွေ” နေပြီ =P ဟီးးး

commentinfo By: kook at Jul 18, 2010
Comment #2

သူလို ကိုယ်လို ကြွေသွားတဲ့ ကြယ်လေးတွေ ရှိတယ်….။

ကြွေလို့ပဲ နေနေ
ဝေလို့ပဲနေနေ
အလင်းတစ်ပွင့်အတွက်
သူတို့တွေ ရဲရင့်ခဲ့ကြဖူးမယ်…။

commentinfo By: John Moe Eain at Jul 18, 2010
Comment #3

ဒီတစ်ပုဒ်ကတော့ …………ဆရာသက်ထွေး ရဲ့ရေပုံရေးဟန်တွေထဲမှာ ခွဲထွက်နေသလိုပဲ..။

Story ဆန်ဆန်လေးလို့ထင်တယ်…။ (ဆရာလုပ်တာမဟုတ်ဘူးနော်…)

ကဗျာလေးကကောင်းပါတယ်

commentinfo By: အငွေ့ at Jul 18, 2010
Comment #4

ဟုတ်ကဲ့ ဆရာအငွေ့ရေ .. ကျွန်တော့်ရေးသားဟန်ထဲက အလွန်အမင်း ကွဲထွက်ပါတယ်။ နမိတ်ပုံတွေကို လျှော့သုံးထားပြီး ပုံပြင်ဆန်ဆန်အရေးအသားနဲ့ စကားပြောလေးတွေပဲ သုံးထားတာပါ။ အားလုံးပဲ ရသ တစ်မျိုးခံစားရမယ်လို့ မျှော်လင့်ပါတယ်။ အားပေးတဲ့အတွက်တော့ ကျေးဇူးအထူးပါ ဆရာအငွေ့

@ ကိုဂျွန်ရေ … ကော်မန့် ကဗျာတိုလေးအတွက် အလွန်ကျေးဇူးပါ။ အရမ်းလှပါ၏ ။

@ မိကွတ်ရေ … ကြွေသွားရအောင် ခြွေနေမှတော့ ကြွေမှာပေါ့ .. အဟတ် 😛

commentinfo By: သက်ထွေး at Jul 18, 2010
Comment #5

omm… :Sad
not Ko John!
I am a girl…. 😀

commentinfo By: John Moe Eain at Jul 18, 2010
Comment #6

mite mite mite mite mite!!!!!!
nhyit tine htwet tae` kabyar …. lann htwet tae jar.. 😀

commentinfo By: Kitty Yang at Jul 18, 2010
Comment #7

အဲ … ကျွန်တော်အမြဲတန်း .. ကိုဂျွန်ပဲထင်တာ .. ဟီး … ဆောရီးဗျာ .. မမိုးအိမ် .. မဟားဒယား ဆောရီး

commentinfo By: သက်ထွေး at Jul 18, 2010
Comment #8

ကဗျာကောင်းလို့ ခွင့်လွှတ်လိုက်သည် 😛

commentinfo By: John Moe Eain at Jul 18, 2010
Comment #9

“ကြယ်ကြွေချိန် ဆုတောင်း…….
ကြယ်လေး သူ့ဘာသာ သူ တောင်းတယ် ”
ကြယ်လေး ဘာကိုတောင်းခဲ့မှာလဲ….. ကြယ်လေးကိုယ်တိုင် အတွက်လား ?? ကျန်ခဲ့တဲ့ ကြယ်ပျောက်ရှာနေတဲ့ ကောင်းကင်ကြီး အတွက်လားး ??
(: (: အရမ်းကိုလှပါတယ်.. ချစ်ဖို့ကောင်းအောင်ကို လှပါတယ်..
အခုဒီကဗျာလေး ဖတ်နေရင်းနဲ့ တွေးမိပါတယ်..ကိုယ်သာ ကြယ်လေးဖြစ်ခဲ့ရင်ရော ကိုယ့်အတွက်တောင်းမှာလားးး??? ကောင်းကင်ကြီးအတွက်တောင်းပေးခဲ့မှာလားး?? ….. အဲလို တွေးမိပါတယ်.. (:
သူလိုကိုယ်လို မဟုတ်ပါဘူးဆိုတဲ့ ကောင်းကင်ကြီးကရော………………………………………….. (:
အခု comment ပေးတဲ့ အချိန်မှာကို ဒီကဗျာလေးကို ဘယ်နှခေါက်ဖတ်မိပြီးသွားလဲ မသိပါဘူး..
တစ်ခါ ဖတ်ရင် ကြယ်ဖြစ်လိုက် ၊ နောက်တစ်ခါ ဖတ်ရင် ကောင်းကင်ကြီးဖြစ်လိုက် ၊ တစ်ခါ ကောင်းကင်ကြီး နဲ့ ကြယ်လေး အကြောင်း နားထောင်နေတဲ့ အပြင်လူဖြစ်လိုက်…

ကြယ်ကြွေတဲ့ အချိန်လေးကိုပဲ ရေးထားတာ ကဗျာလေးက တကယ်ကို ခရု ခရု (cute cute)
so cute ******7777777777777777777777777777777777777777777777777777

commentinfo By: ဖြိုးဖြိုး at Jul 18, 2010
Comment #10

ကဗျာလေးကချစ်ဏ၇ာကောင်းတယ်။
ကျနော့ လဲတိုင်တည်ဖူးတယ်……….
ကြယ်ကြွေကိုကြည့် ပြီးတောင်းတဲ့ ဆု
ပြည့် မပြည့်တော့ မသိဘူး
ညဘက်တွေအိပ်ရေးပျက်တက်နေပါပြီး
အိုကွာ………..
ကြယ်ကြွေကြွေမကြွေကြွေ
ငါ့ ရင်ဖွင့် သံအဆုံးမှာမင်းရင်ခုံသံနဲ့ 
ထပ်တူကျပါစေ
………………………….
ဒါကကျနော့ တောင်းတဲ့ ဆု။
အစိကို့ ကဗျာဖက်ပြီးသည်မှာဘက်မှာ
ဆုတောင်းလေးတွေအတွက်တောင်
ဆွံ့ အနေတော့ မယ်…………….

မင်းလူန

commentinfo By: kathitni1980 at Jul 19, 2010
Comment #11

စိတ်ကူးကောင်းတဲ့ ကဗျာလေး။
ပုံစံအမျိုးမျိုးရေးကျင့်ရှိလာတာ ကောင်းတယ် သက်ထွေးရေ…
အရေးအသားတွေ ရှာဖွေတွေ့ရှိပါစေ

ချစ်ခြင်းအားဖြင့်…

Comment #12

ကျနော့ ဆီကို
အစ်ကို့ ကဗျာကောင်းကြောင်းကွန်မန့် တွေရောက်လာတက်တယ်
သူတို့ အကောင့် မှားပြီးပို့ နေတယ်ဆိုတာမျိုးပါ
ကျနော်လဲကဗျာရေးပေမဲ့ ကျနော်က
သက်ထွေးမဟုတ်တဲ့ ……….မင်းလူနပါ
ကွန်မန့် တွေကိုအားနာလို့ ပါ
ကျနော်မင်းလူနပါ

commentinfo By: kathitni1980 at Jul 19, 2010
Comment #13

အဲ .. ဟုတ်ဘူး .. ကိုမင်းလူန .. အကိုကွန့်မန့်အောက်မှာ Email me whenever there is new comment ဆိုတဲ့ checkbox ကို tick လုပ်ထားခဲ့လို့ .. ကျွန်တော့်ကဗျာကို ကွန့်မန့်ဝင်ပေးတဲ့အခါတိုင်း အကိုဆီကိုပါ အီးမေလ်းတွေ notification အနေနဲ့ ပို့ပေးနေတာပါ။ အကို နောက်တစ်ခါ ကွန့်မန့်ပေးတဲ့အခါ အောက်က checkbox ကို off လိုက်ရင် unsubscribe ဖြစ်သွားပါလိမ့်မယ်။

commentinfo By: သက်ထွေး at Jul 19, 2010
Comment #14

အော်.ဟုတ်ကဲ့ ကျနော်ကသိပ်နားမလည်လို့ ပါ။ကျေးဇူးနော်
ကျနော်တို့ ကဗျာအကြောင်းဆွေးနွေးလို့ ရအောင်အကောင့် ပေးပါလားခင်ဗျား

commentinfo By: kathitni1980 at Jul 19, 2010
Comment #15

ရပါတယ်ခင်ဗျာ .. [email protected] ပါ

commentinfo By: သက်ထွေး at Jul 19, 2010
Comment #16

ွှရေးပုံလေးကိုအရမ်းကြိုက်တယ်
ကြယ်ပုံပြင်တပုဒ်ဖတ်ရသလိုပဲ…
ကြယ်ကလေးအလင်းပြန်သွားမှပဲ..ပျော်လိုက်ရတာ..
မဟုတ်ရင်..ဝမ်းနည်းစရာ..

commentinfo By: အမရာ at Jul 19, 2010
Comment #17

ကဗျာဆရာကတော့လေ ကောင်းပါတယ်ဆို ပထမတစ်ခေါက်ဖတ်ရတုန်းကထက်ကဗျာကအများကြီးကို ကောင်းလာတယ်။အရေးအသားလဲကွဲထွက်သွားတော့ဖတ်ရတာ ကွဲပြားသွားသလိုပါပဲ။ ကိုသက်ထွေးရေ ကဗျာများများရေးဗျာ။မဖတ်ရတာကြာပြီ။ဖတ်ရတော့လဲလန်ထွက်အောင်ကောင်း
တယ်။

“ဘယ်သူမှမသိလိုက်ခင်ပေါ့
ကောင်ကင်ကြီးထံ
ကြယ်လေး အလင်းပြန်သွားတယ် ။ ။”

commentinfo By: naynyo23 at Jul 19, 2010
Comment #18

ကြိုက်တယ် Bro ရေ
ကြွေတဲ့လူတွေလည်း ကြွေကုန်ပြီ 😛

commentinfo By: LoRdiE at Jul 20, 2010
Comment #19

ဒီတပုဒ်ကတော့ ဘာမှကို မပြောချင်လောက်အောင်ပါပဲ။ ဒါကြောင့် ဘာမှ မပြောတော့ဘူး။ တွေ့ကြသေးတာပေါ့ သူကြီးရယ်။ ကျွန်တော် အရိပ်အကြောင်းလေး တပုဒ်ရေးထားတယ်ဗျ။ လာတင်မယ်။

commentinfo By: ChIr0N at Jul 21, 2010
Comment #20

………………ဘာပြောရမှန်း..မသိတော့ဘူး……………………..ကောင်းလွန်းလို့

commentinfo By: အသဲကွဲမိုး at Oct 8, 2010
Comment #21

Nice piece of work….But If u don’t mind ,i would like to give some advice. U should use others symbol than ” star “, cause It’s so common to readers. I like your hand…..

commentinfo By: AMH at Nov 24, 2010
Comment #22

လေခေါ်ရာလွင့်ရတဲ့ တိမ်တွေအကြောင်း
အသွေးရောင်ခပ်အေးအေးနဲ့ လေပြည်နွေးတွေအကြောင်း
သူ့ဖြစ်တည်မှုကို
မဲမှောင်ပြီး သက်သေပြုပေးတဲ့
ကောင်းကင်ကြီးအကြောင်း
သူပြောင်း တွေးတယ် …
ဒီလိုနဲ့ ဘယ်သူမှမသိလိုက်ခင်ပေါ့
ကောင်ကင်ကြီးထံ
ကြယ်လေး အလင်းပြန်သွားတယ် ။ ။

very good

commentinfo By: mayzarwin at Aug 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment