Professional Authors

တိမ်းစောင်းရင်း ရိုးသားခြင်း (သက်ထွေး)

စနစ်တကျ
စီးဆင်းဖို့အတွက်နဲ့တော့
ကိုယ့်စိတ်ကို
မလှော်ခတ်နိုင်တော့ဘူး ..

မာယာကို
ကျော်ဖြတ်ချင်မှတော့
မြစ်အကြောင်း
ကောင်းကောင်း
နားလည်ဖို့ လိုတာပေါ့ ..

ညီမျှခြင်းတွေ့တိုင်း
အဖြေ မရှာပါနဲ့ …
ဘဝမှာ
ပေါင်းနှုတ် ပြီး မြှောက်၊ စား
အရွယ်သုံးပါး
ရှိလေရဲ့ ..

စိတ်တိုင်းကျ
အငွေ့
ပျံပြ လိုက်ချင်ပါရဲ့
ဘဝမှာ
ပူနေရတာက များတယ် …

ဒီထက်ပိုပြီး
မတောင်းဆိုပါနဲ့
ရင်ခွင်ရိုင်းက
ပန်းရိုင်းပဲ
ပွင့်ပြ တတ်ပါတယ် …

ဖျားယောင်းလွယ်သော
အရေပြား
ဘာ အသားနဲ့
ထုဆစ်ထားရမလဲ …

ငွေနဲ့ပစ်ပေါက်
ကိုယ့်ဒေါက်
ကိုယ် မထောက်ပါရစေနဲ့
ကမ္ဘာကြီးလည်နေတာ
ရိုးသားပါတယ်
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း သာ
မတိမ်းစောင်း
ခဲ့ဘူးဆိုရင်ပေါ့ ။ ။

သက်ထွေး
၂၆ မေ ၂ဝ၁ဝ ညနေ ၅း၅၅

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

“မာယာကို
ကျော်ဖြတ်ချင်မှတော့
မြစ်အကြောင်း
ကောင်းကောင်း
နားလည်ဖို့ လိုတာပေါ့ ..”

နဲ့

“ဒီထက်ပိုပြီး
မတောင်းဆိုပါနဲ့
ရင်ခွင်ရိုင်းက
ပန်းရိုင်းပဲ
ပွင့်ပြ တတ်ပါတယ် …”

ဆိုတဲ့ အပိုင်း လေးတွေ ကို စာသား အသုံး အနှုန်း လေးတွေ က လန်ထွက်စ် နေလို့ အရမ်း ကြိုက်ပါ တယ် …. ထာဝရ အားပေး နေမယ် သူကြီး ဘစီ။ =P

commentinfo By: kook at May 26, 2010
Comment #2

ကျွန်တော် စာလာဖတ်တဲ့ အခိုက်နဲ့ အကိုကဗျာသစ်တင်တဲ့အခိုက် ကြုံကြိုက်သွားတယ်။ ဝမ်းသာတယ်ဗျာ။ ဒီကဗျာ ဖတ်ရကြိုးနပ်တယ်။ ကဗျာပေးတဲ့ အသိတစ်ခု လတ်လတ်ဆတ်ဆတ် ရလိုက်ပါကြောင်း။

commentinfo By: ကိုမိုး at May 26, 2010
Comment #3

(: ဟုတ်ပ လန်းချက် (:
kook လိုပဲ
“မာယာကို
ကျော်ဖြတ်ချင်မှတော့
မြစ်အကြောင်း
ကောင်းကောင်း
နားလည်ဖို့ လိုတာပေါ့ ..”

နဲ့

“ဒီထက်ပိုပြီး
မတောင်းဆိုပါနဲ့
ရင်ခွင်ရိုင်းက
ပန်းရိုင်းပဲ
ပွင့်ပြ တတ်ပါတယ် …”

ကို ခိုက်၏။
clapping clapping (:

commentinfo By: melodyphyO at May 26, 2010
Comment #4

အရမ်းမိုက်တယ်ဗျ……………ကောင်းလိုက်တဲ့ ကဗျာ….

commentinfo By: thukha at May 26, 2010
Comment #5

ကောင်းတယ်ဗျာ…။ကြိုက်ပါတယ်အရမ်းပဲ…..။
“ငွေနဲ့ပစ်ပေါက်
ကိုယ့်ဒေါက်
ကိုယ် မထောက်ပါရစေနဲ့”
ွှအဲစာသားလေးခိုက်တယ်ကိုသူကြီးရေ…။အားပေးသွားတယ်နော်…။

commentinfo By: naynyo23 at May 26, 2010
Comment #6

စိတ်တိုင်းကျ
အငွေ့
ပျံပြ လိုက်ချင်ပါရဲ့
ဘဝမှာ
ပူနေရတာက များတယ် …

ဒီထက်ပိုပြီး
မတောင်းဆိုပါနဲ့
ရင်ခွင်ရိုင်းက
ပန်းရိုင်းပဲ
ပွင့်ပြ တတ်ပါတယ် …

Jood gyi naw thu gyi..
😛 kyat thee taung hta twar tae.. phet yinn nae.. ayan mite tae..
အလုပ်တွေရှုပ်ပြီး ကဗျာတွေထွက်နေတယ်ပေါ့.. နာလိုဘူး…. ဟီးဟီး.. စာမေးပွဲပြီးရင် ရေးမယ်ကွ… ဟီး…

commentinfo By: Kitty Yang at May 26, 2010
Comment #7

ကျွန်တော် အကြာကြီး စဉ်းစားပြီး တစ်ခုပဲပြောဖို့ ထွက်တယ် … အရမ်းကောင်းတယ်

commentinfo By: loki at May 26, 2010
Comment #8

စိတ်တိုင်းကျ
အငွေ့
ပျံပြ လိုက်ချင်ပါရဲ့
ဘဝမှာ
ပူနေရတာက များတယ် …

ဒီထက်ပိုပြီး
မတောင်းဆိုပါနဲ့
ရင်ခွင်ရိုင်းက
ပန်းရိုင်းပဲ
ပွင့်ပြ တတ်ပါတယ် …

အရမ်းကြိုက်ပါ၏

commentinfo By: memory at May 26, 2010
Comment #9

ညီမျှခြင်းတွေ့တိုင်း
အဖြေ မရှာပါနဲ့ …
ဘဝမှာ
ပူနေရတာက များတယ် …။

commentinfo By: piminswe at May 26, 2010
Comment #10

ဟုတ်တယ်အကိုရေ..စိတ်တိုင်းကျကိုပဲ
အငွေ့ပျံပြလိုက်ချင်တာ………

commentinfo By: အမရာ at May 26, 2010
Comment #11

ဘဝအကြောင်း နှိုင်းယှဉ်ပြထားတာလေး တွေကြိုက်တယ်ဗျာ ….

commentinfo By: poemlover at May 28, 2010
Comment #12

http://chocothazin.blogspot.com/2010/06/blog-post.html

ကိုသက်တွေးရေ သဇင့်ပို့ စ်လေးမှာ ကိုသက်ထွေး ကဗျာက စာသားလေးကို ကြိုက်လွန်းလို့ ယူသုံးလိုက်မိပါတယ်။

commentinfo By: chocothazin at Jun 1, 2010
Comment #13

@ chocothazin,

သြော်ဟုတ်ကဲ့ ရပါတယ်ခင်ဗျ။ ကျွန်တော် အခုပဲ သွားဖတ်လိုက်တယ်။ ကောင်း၏

commentinfo By: Thet Twe at Jun 2, 2010
Comment #14

အရမ်းကောင်းပါတယ်။ ကိုသက်ထွေး ကဗျာတွေက အရမ်းစွဲဆောင်မှုရှိတယ်။ ကဗျာရေးချင်စိတ်တောင် ဖြစ်လာတယ်။ ဒီလို ကဗျာမျိုးကို မော်ဒန်ကဗျာလို့ခေါ်တာလား။

commentinfo By: favourite2me at Jun 10, 2010
Comment #15

စိတ်တိုင်းကျ
အငွေ့
ပျံပြ လိုက်ချင်ပါရဲ့
ဘဝမှာ
ပူနေရတာက များတယ် …
ဒီအပိုဒ်ကို ဟော့ဟော့ဒိုင်းဒိုင်းကိုကြိုက်သည်

commentinfo By: ayeayethi at Sep 10, 2010
Comment #16

တော်တော်ကောင်းတဲ့ကဗျာလေးပါ
ကိုသက်ထွေးရေးတဲ့ကဗျာလေးတွေ …တော်တော်ကောင်းတာသတိထားမိတယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #17

ကိုသက်ထွေး..ကဗျာတွေက တော်တော်ကောင်းတာပဲဗျ…ဒသနတွေလဲ ပါတယ်…ခံစားချက် အစုံ ခံစားရတာပေါ့ဗျာ…

commentinfo By: HtetWaiAung at May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment