Professional Authors

အလှည့်ကျလိပ်ပြာဖွက်တမ်း (သက်ထွေး)

လဟာ
ဗွက်အိုင်ထဲ ခြေဆင်းထိုင်နေတဲ့
မြို့ပြနောက်ခံ ပန်းချီကားနဲ့
သူ့ကျောလုံရုံလေးကွေးထားတယ် …
နီယွန်ဟာ
ငါတို့ မြင်နေကြ ညမဟုတ်ဘူး လစ်လီ …
ရေဒီယိုမှာ
ဥသြသံတွေ  အရင်ထက် ပိုခမ်းသွားတယ် …
ထုတ်လွှင့်နေကျ အစီအစဉ်တွေ
မနှစ်ကထက် ပိုခေါင်လာတယ် …
ဖရီကွန်ဆီအရ ငွေ့ရည်ဖွဲ့ခြင်းမှာ
ဒဿမတွေ များလာတယ် …
ပြတ်ရွေ့ခြင်းတွေ ပက်ကြားအက်သွားတဲ့အထိ
နွေဦးကို ငါစူးစိုက်နေမိတယ်…
ပိုနေတဲ့လမ်းတွေ ပြန်ခေါက်ထားလိုက်ရအောင်
ရာသီတစ်ခုစာ ငါတို့ ပြတ်ကျန်ခဲ့ပြီ လစ်လီ …
ပတ်ဝန်းကျင်မှာ
သာမိုမီတာ ပျောက်နေတယ် …
ထိုင်းမှိုင်းမှုကို ဘာနဲ့တိုင်းတာမလဲ
ကပ်ဆူးစတွေ
အရေးတယူ စိမ့်ဝင်လာတဲ့အထိ
ငါအရေးပေါ်ဆန်နေမိတယ် …
တစ်ရွက်နှစ်ရွက်လှန်လှောပစ်လိုက်ရုံနဲ့
နှစ်ဆယ့်တစ်ရာစုဟာ ငေးစရာကုန်ပြီ
ကြားနိုင်သလောက်ပဲ ငါတို့ ရင်ခုန်လိုက်ကြတာ ကောင်းမယ် လစ်လီ …
တိုကင်နံပါတ်ဟာ
အလှည့်ကျထမြည်တယ် …
ဝှက်ထားတဲ့ သံပတ်ကြိုးမှာ
ဖြစ်စဉ်နဲ့လိုအင်ကို ရော့တိရော့ရဲတွဲလိုက်တယ် …
အမှတ်စဉ်ရေတဲ့နေရာမှာ
ငါတို့လောသွားတယ် …
သန်းခေါင်ကို  ပျိုးကြဲတာ
ငါတို့စောသွားတယ် …
အရုဏ်ဟာ
ငါတို့လိုချင်တာထက် ပိုလင်းသွားရော့မယ် … လစ်လီ ။ ။

သက်ထွေး
ဇန်န၀ါရီ ၂၈ ၂၀၁၁ နေ့လည် ၂း၀၃

In: ကဗျာ Posted By: Date: Feb 14, 2011
Comment #1

သာမိုမီတာ ပျောက်နေတယ် …
ထိုင်းမှိုင်းမှုကို ဘာနဲ့တိုင်းတာမလဲ
ကပ်ဆူးစတွေ
အရေးတယူ စိမ့်ဝင်လာတဲ့အထိ
ငါအရေးပေါ်ဆန်နေမိတယ် …
တစ်ရွက်နှစ်ရွက်လှန်လှောပစ်လိုက်ရုံနဲ့
နှစ်ဆယ့်တစ်ရာစုဟာ ငေးစရာကုန်ပြီ

commentinfo By: ရွှေငါး at Feb 15, 2011
Comment #2

(((((((((((((((:
အဲ့ ကဗျာလေးကို သူရှိတဲ့နေရာတိုင်းမှာ သွားဖတ်ပြီးသွားပြီ……
အရမ်း******7777777 သဘောကျတယ်……

ရေဒီယိုမှာ
ဥသြသံတွေ အရင်ထက် ပိုခမ်းသွားတယ် …
ထုတ်လွှင့်နေကျ အစီအစဉ်တွေ
မနှစ်ကထက် ပိုခေါင်လာတယ် …

အဲအပိုဒ်လေး ကြိုက်တယ်

ပိုနေတဲ့လမ်းတွေ ပြန်ခေါက်ထားလိုက်ရအောင်
ရာသီတစ်ခုစာ ငါတို့ ပြတ်ကျန်ခဲ့ပြီ လစ်လီ …

အဲဒီအပိုဒ်လေးရောပဲ

ပတ်ဝန်းကျင်မှာ
သာမိုမီတာ ပျောက်နေတယ် …
ထိုင်းမှိုင်းမှုကို ဘာနဲ့တိုင်းတာမလဲ

အဲအပိုဒ်လည်း ကြိုက်တယ်..

တစ်ရွက်နှစ်ရွက်လှန်လှောပစ်လိုက်ရုံနဲ့
နှစ်ဆယ့်တစ်ရာစုဟာ ငေးစရာကုန်ပြီ
ကြားနိုင်သလောက်ပဲ ငါတို့ ရင်ခုန်လိုက်ကြတာ ကောင်းမယ် လစ်လီ …

အဲဒါလေးလည်း ကြိုက်တာပဲ..

): ဘာမှချန်ထားလို့ ရဘူးဖြစ်နေတယ်..
စစဆုံးဆုံး ကြိုက်တယ် ဘာလို့လဲဆိုတော့ အတည်ကို တစ်ခုလုံးကောင်းနေလို့..

commentinfo By: ဖြိုးဖြိုး at Feb 15, 2011
Comment #3

ပတ်ဝန်းကျင်မှာ
သာမိုမီတာ ပျောက်နေတယ် …
ထိုင်းမှိုင်းမှုကို ဘာနဲ့တိုင်းတာမလဲ

အမှတ်စဉ်ရေတဲ့နေရာမှာ
ငါတို့လောသွားတယ် …
သန်းခေါင်ကို ပျိုးကြဲတာ
ငါတို့စောသွားတယ် …
အရုဏ်ဟာ
ငါတို့လိုချင်တာထက် ပိုလင်းသွားရော့မယ် … လစ်လီ ။ ။တွဲလုံးလေးတွေအရမ်းမိုက်တယ်ဗျာ။ကြိုက်၏။

commentinfo By: terry at Feb 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment