နတ်မိမယ်အတွက် ..ဒေါက်ဖိနပ် (သက်ထွေး)
ဒီခရီးကို
ခြေကျင်လျှောက်တယ်
မင်းကပုဂံလဲမဟုတ်လေတော့
တစ်နေ့တစ်လံက
ငါ့အတွက်ဝေးနေဆဲ…
မာရသွန်ပွဲတော့
မဟုတ်ပါဘူး
ဒါပေမဲ့
ငါကတော့
မင်းဆီပြေးနေရတာကိုပဲ
နှစ်သက်တယ်။
ငွေတောင်ပြည်
ပြန်သွားတဲ့
ငါ့ရဲ့နတ်မိမယ်ရေ
မင်းဆီရောက်ဖို့
ဘယ်ဂိတ်က
ဘတ်စ်ကား..စောင့်စီးရလေမလဲ
ငါလေမသိတော့။
ခပ်ရူးရူးနဲ့သွားတယ်
ပြီးတော့
ခပ်မူးမူးနဲ့နားတယ် ..
နောက်တော့
ခပ်စူးစူးလေးကြားရတယ်
သူဒီမှာတဲ့ ..။
ငါ့ရင်ခွင်ကို
ဒေါက်ဖိနပ်လုပ်…စီးပြီး
ထွက်ပြေးသွားတဲ့
နတ်မိမယ်မလေးရေ..
မင်းရဲ့
ခြေဖဝါးနုနုလေးတွေ
လွမ်းတယ် …
မင်းကြည့်ကောင်းဖို့သာ
ရည်စူးပါတယ်
ငါ့အတွက်
ရင်ခွင်ဟောင်းလောင်းလဲ
နေလို့ကောင်းပါတယ်
ငါ့ရဲ့
ဒေါက်ဖိနပ်နဲ့ ..နတ်မိမယ်လေးရယ်။
သက်ထွေး
ဇွန် ၂၇ ၂ဝဝ၇
Comment #6
မင်းကြည့်ကောင်းဖို့သာ
ရည်စူးပါတယ်
ငါ့အတွက်
ရင်ခွင်ဟောင်းလောင်းလဲ
နေလို့ကောင်းပါတယ်
By: nge at Jul 28, 2013
Comment #7
မင်းကြည့်ကောင်းဖို့သာ
ရည်စူးပါတယ်
ငါ့အတွက်
ရင်ခွင်ဟောင်းလောင်းလဲ
နေလို့ကောင်းပါတယ်
By: နွေ at Jun 4, 2014




Comment #1
ဒေါက်ဖိနပ်နဲ့ ..နတ်မိမယ်က… 😀