Professional Authors

ရှာဖွေခြင်း (သက်ထွေး)

မညှိဘဲ
လင်းမယ့်
မီးတစ်စကို
ရှာဖွေရင်း
ပင်လယ်ပျောက်ခဲ့တဲ့
ကမ်းက
ငါပါ … ။

ဓူဝံကြယ်ကိုယ်တိုင်
လမ်းပျောက်ခဲ့ရသော
ညတွေလိုမျိုးပေါ့
မီးပြတိုက်ကို
ငေးကြည့်နေခဲ့မိ .. ။

ပေါင်းစပ်ရင်း
အရောင်ပြောင်းသွားခဲ့သော
စုတ်ချက်တစ်ချက်ကို
တသသ မျှော်ကြည့်ရင်း
ငါဟာ မူပိုင်ခွင့်ကို
လိုက်လို့ ရှာခဲ့မိသူပါ .. ။

ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။

ကဗျာတစ်ပုဒ်အပေါ်
မရဲတရဲနဲ့
ငါ့ကိုယ်ငါ
ပစ်ချခဲ့တဲ့
ညတွေလိုမျိုးပေါ့
အိပ်မက်ရဲ့
လေပွေရိုင်းတွေ
ငါ့ရင်ခွင်သို့
အဖျားခတ်သွားတယ် ။ ။

သက်ထွေး
အောက်တိုဘာ ၃ရက် ၂၀ဝ၈ နေ့လည် ၃း၁၆

In: ကဗျာ Posted By: Date: Apr 12, 2010
Comment #1

ဓူဝံကြယ်ကိုယ်တိုင်
လမ်းပျောက်ခဲ့ရသော
ညတွေလိုမျိုးပေါ့
မီးပြတိုက်ကို
ငေးကြည့်နေခဲ့မိ .. ။

ပေါင်းစပ်ရင်း
အရောင်ပြောင်းသွားခဲ့သော
စုတ်ချက်တစ်ချက်ကို
တသသ မျှော်ကြည့်ရင်း
ငါဟာ မူပိုင်ခွင့်ကို
လိုက်လို့ ရှာခဲ့မိသူပါ .. ။

ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။

of course of course two thumbs up!!!!!!!!!!
clapping clappingggggggg

commentinfo By: ဖြိုးဖြိုး at Apr 24, 2011
Comment #2

ပေါင်းစပ်ရင်း
အရောင်ပြောင်းသွားခဲ့သော
စုတ်ချက်တစ်ချက်ကို
တသသ မျှော်ကြည့်ရင်း
ငါဟာ မူပိုင်ခွင့်ကို
လိုက်လို့ ရှာခဲ့မိသူပါ .. ။

ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။

ကဗျာတစ်ပုဒ်အပေါ်
မရဲတရဲနဲ့
ငါ့ကိုယ်ငါ
ပစ်ချခဲ့တဲ့
ညတွေလိုမျိုးပေါ့
အိပ်မက်ရဲ့
လေပွေရိုင်းတွေ
ငါ့ရင်ခွင်သို့
အဖျားခတ်သွားတယ် ။ ။

commentinfo By: chocolate at Jan 8, 2012
Comment #3

သက်ထွေး ကဗျာဆို အရမ်းကြိုက်တယ်
အရမ်းဖတ်ချင်တယ်..ခံစားရတယ်…..ကျေးဇူး
ထပ်ရေးဦးနော် ထပ်တင်ပေးဦးနော်………အမြဲစောင့်ဖတ်နေတယ် 🙂

commentinfo By: chocolate at Jan 8, 2012
Comment #4

ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။ ကျနော်အရမ်းကြိုက်မိတယ်

commentinfo By: sharon myorr myor at Mar 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment