Professional Authors

ခရီးသွားဘ၀များ (သက်ထွေး)

လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

မှောင်တစ်ဝက်
လင်းတစ်ဝက်
နိုးတစ်ဝက်
အိပ်တစ်ဝက်
ဖြတ်သန်းခဲ့
ဘူတာ
တစ်ဝက်တစ်ပျက်တွေ။

ဥသြသံနဲ့ မနက်
ကြာပွတ်တွေလို
ရိုက်နှက် …
ထရပ်တဲ့ဘက်မှ
နေကမထွက်ရင်
ကိုယ့်အရိပ်နဲ့ ကိုယ်
ဘယ်လို
ခရီး ဆက်မလဲ။

လမ်းတွေက
မူယာမာယာများ …
တံလျှပ်ကို
ရေထင်အောင်
ပြုစားကြတယ်။

အစိမ်းရောင်
စက္ကူတွေ
မကြာမကြာ
လာလာမြှူတယ်
ဂျိုကာတစ်ယောက်ရဲ့
အပြုံး …
ဘယ်လောက်များ
ဖြူစင်နိုင်ဦးမလဲ။

ဆွဲငင်အားကို
ပြန်မျှားနေကြတဲ့
ငှက်များ
ဆွဲငင်အား အနား
တစ်ခါပြန်နား …
ခေတ်ကိုမြန်စေခဲ့တဲ့
ကမ္ဘာကြီး
အခုတော့လည်း
သူမဟုတ်သလို
လည်နေတာအကြာကြီးပဲ။  ။

သက်ထွေး
အောက်တိုဘာ ၄ရက် ၂၀၁၀ ညနေ ၄း၁၆

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

မိုက်တယ်ကွ..။။။
အခုတော့လည်းသူမဟုတ်သလို
လည်နေတာအကြာကြီးပဲ….။။။

commentinfo By: Ema Yar at Oct 5, 2010
Comment #2

အစိမ်းရောင်
စက္ကူတွေ
မကြာမကြာ
လာလာမြှူတယ်
ဂျိုကာတစ်ယောက်ရဲ့
အပြုံး …
ဘယ်လောက်များ
ဖြူစင်နိုင်ဦးမလဲ။
ဟုတ်တယ်………….. ဒို့အပြုံးတွေကကောဘယ်လောက်ဖြူစင်လဲ ……..

commentinfo By: May Kha at Oct 5, 2010
Comment #3

ဂျိုကာတစ်ယောက်ရဲ့
အပြုံး …
ဘယ်လောက်များ
ဖြူစင်နိုင်ဦးမလဲ။

( အရမ်းကောင်းတယ်)

commentinfo By: kgmalay at Oct 5, 2010
Comment #4

လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

ထရပ်တဲ့ဘက်မှ
နေကမထွက်ရင်
ကိုယ့်အရိပ်နဲ့ ကိုယ်
ဘယ်လို
ခရီး ဆက်မလဲ။အရမ်းမိုက်တယ်ဗျာ…စာသားတွေက…

commentinfo By: terry at Oct 5, 2010
Comment #5

လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

မှောင်တစ်ဝက်
လင်းတစ်ဝက်
နိုးတစ်ဝက်
အိပ်တစ်ဝက်
ဖြတ်သန်းခဲ့
ဘူတာ
တစ်ဝက်တစ်ပျက်တွေ။လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

မှောင်တစ်ဝက်
လင်းတစ်ဝက်
နိုးတစ်ဝက်
အိပ်တစ်ဝက်
ဖြတ်သန်းခဲ့
ဘူတာ
တစ်ဝက်တစ်ပျက်တွေ။

ထရပ်တဲ့ဘက်မှ
နေကမထွက်ရင်
ကိုယ့်အရိပ်နဲ့ ကိုယ်
ဘယ်လို
ခရီး ဆက်မလဲ။

/*ဒီကဗျာလေးကို ”လွတ်ကျသွားတဲ့ အမှန်တရား”ကို ကြိုက်သလိုမျိုး ကြိုက်တာ */

commentinfo By: ဖြိုးဖြိုး at Oct 9, 2010
Comment #6

/* စောနက အပေါ်ကတစ်ခုက စာတွေထပ်သွားလို့.. sry sry (:*/

လမ်းခွဲမှန်းသာ
သိခဲ့ရင်
လမ်းလွှဲပြီးသွားတယ်။

မှောင်တစ်ဝက်
လင်းတစ်ဝက်
နိုးတစ်ဝက်
အိပ်တစ်ဝက်
ဖြတ်သန်းခဲ့
ဘူတာ
တစ်ဝက်တစ်ပျက်တွေ။

ထရပ်တဲ့ဘက်မှ
နေကမထွက်ရင်
ကိုယ့်အရိပ်နဲ့ ကိုယ်
ဘယ်လို
ခရီး ဆက်မလဲ။

/*ဒီကဗျာလေးကို ”လွတ်ကျသွားတဲ့ အမှန်တရား”ကို ကြိုက်သလိုမျိုး ကြိုက်တာ */

commentinfo By: ဖြိုးဖြိုး at Oct 9, 2010
Comment #7

ကဗျာလေး မိုက်၏…

commentinfo By: နေညို at Oct 13, 2010
Comment #8

ကောင်းလိုက်တာ

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #9

နှစ်သက်မိပါတယ်။

commentinfo By: sundywai at Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment