Professional Authors

စိတ်ဖတ်ခြင်း


ရိုးရှင်းပေမဲ့
တုံးတိမဟုတ်ဘူး။

ယုံလွယ်ပေမဲ့
ကဲခတ်မညံ့ဘူး။

ပျော့ပြောင်းပေမဲ့
ဖော့ဖယောင်းမဟုတ်ဘူး။

အမာသားပေမဲ့
သစ်ရိုင်းမဟုတ်ဘူး။

ပြတ်သားပေမယ့်
သံယောဇဉ်မဲ့မဟုတ်ဘူး။

မိန်းကလေးပေမဲ့
မိန်းမ မဆန်ဘူး။

အပြောင်းအလဲပေမယ့်
ဂယောက်ဂယက်နဲ့ ထွေမနေဘူး။

ဒါပေမယ့် တွေနဲ့
မဟုတ်ဘူးမဟုတ်ဘူး
………….
.ဘ၀.က ဒါပေမယ့် ပြန်ဖျက်ရတဲ့
သင်ပုန်းကြီးလဲ မဟုတ်ပြန်ဘူး။ ။

@ deactive(17.7.2013)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment