Professional Authors

မြွေ


သွေးအေးတယ်
တိတ်ဆိတ်တယ်
သီးသန့် ရှိသော
တည်ငြိမ်ရပ်ဝန်းမှ
ကလဲ့စားအဆိပ်ခတ်
အငြှိုးကြီး ရန်ကြွေးတွက်
သဝေထိုး
မ ယယစ် ၀ဆွဲ။

ရန်သူကို မကြိုဆိုပေမဲ့
စိန်ခေါ်မှုကိုလက်ခံတယ်။

ဒင်း ထိတ်ထိတ်လန့်လန့်
ဖြစ်နေချိန်မှာ
အဝေးကနေရင်း
ပြာပြာသလဲလဲ
နှလုံး ဒဏ်ရာဖြင့်
ပဲ့တင်ထပ် ပချုပ်အတွင်း
ထောင်ချရမယ်။

မေ့လောက်ပြီဆိုမှ
ငယ်ထိပ် မှာ တံဆိပ်ခတ်မယ့်
သဝေထိုး
မ ယယစ် ၀ဆွဲ။

~deactive(15-7-2013)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment