Professional Authors

လူ့ အထက်က..ပုရွတ်ဆိတ် ဖြစ်ကြည့်ခြင်း

ပုရွက်ဆိတ် ကို ကြမ်းပိုးထင်
လက်ညှိုးနဲ့ အသာတင်
လက်မဖြင့် ဖိဆော်
ဒေါက်ကနဲ အသေသတ်
မသေမရှင်ဖြစ်လျက်ကြား
လက်နှစ်ချောင်း အသာသုံးလို့
ပွတ်လုံး လို့ ဖိကာချေ…။

ပထမဆုံး အကြိမ်မှာ.
ဝိဥာဉ်လေးက
အကုန်မြင်နေရတယ်..။

သြော်…..
ထပ်ဖန် တလဲလဲ မီးလင်းဖိုနံရံကပ်
မီးမြှိုက်ရန် ကျန်များ
ကျန်နေသေးသလား…။

မီးလင်းဖိုအနား
ကလဲ့စား သံသရာ ရှိခဲ့ရင်
ဝဋ်နှင့်ကြမ္မာ မနေသာတာမို့
ပုရွတ်ဆိတ် ၀ိဥာဉ်
ခပ်စောစောပဲ
နှုတ်ထွက်ခွင့်ရှိပါစေ..။

ခေတ်သစ် ဆင် မဖြစ်တဲ့
ပုရွက်ဆိတ် လို ကျုပ်ကို…
ခင်ဗျား လေနဲ့ သတ်လည်း
နာနာကျင်ကျင် သေပါတယ်…။ ။

လေးစားစွာ
by_HM~De active(26.6.2013)
(credit_နာကျည်းမုန်းတီးအငြှိုးကြီးက မျက်နောင်တလည်းကြီးလိမ့်မည်။)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment