Professional Authors

စင်စစ် သက်ဝင်မှု သို့ စာရေးခြင်း

လောကအဖုံ ရသစုံဖြင့်
ဖြန့်ကျက်
ကွန့်မြူးမိတဲ့
မှော်ဝင်တိမ်တောက်
တဖြောက်ဖြောက်ကို
အရူးမွှေနှောက်
ဂေါက်တောက်တောက်လို့
မြင်ယောင်ကြည့်မလား?

ဝမ်းသာလုံးဆို့
မာန်လုံးပျို့  လို့
ဂုဏ်ထူးငါ့ဟာ
ငါသာငါလို့ ကိုယ်ပိုင်
လက်ဖျောက်တီးတိုင်းလည်း
လက်ခုပ်သံထွက်မလာတတ်တာ
အောင်မြင်မှုမည်မလား ?

မှတ်ထင်မထား
စိတ်အင်အားဖြင့်
အစုအပုံ
ရေးဖွဲ့ငုံလို့
ပန်ဆင်အသွား
စိတ်တလွှား
ဆန်းသစ်တယ်လို့ ဆိုမလား ?

စာအုပ်ပုံထဲ
ခေါင်းစိုက်ဝင်တိုး
ပေါက်ထွက်လုလု
စိတ်နှလုံးနဲ့
အာသာငမ်းငမ်း
ခံစားသက်ဝင်လည်း
ပေါက်တဲ့အိုးလို့ မည်မလား?

သုံးဆယ့်သုံး မှန်
ကဗျာဆန်သော
ဗမာ့ဗျည်း ကို သီကုံးလို့
ရုပ်သေးကြိုး ထိုးမယ်ဆိုလည်း
အရုပ်ကလေး ပြုံးပါစေ။

အတုနဲ့ အယောင်
ယောင်တောင်တောင်မဖြစ်ဖို့
အစစ်ဖွဲ့နှောင်
မှန်အောင်သာ
ဖြစ်စေချင်သည်။

အသက်ကို ယူငင်
အသွေးကို စီးဆင်း
အာရုံပေါင်းများစွာက
စကားပြောတဲ့အသံ
လူပေါင်းများစွာ
ကြားယောင်စေဖို့
စင်စစ် သက်ဝင်မိသည် …
နောက်လူ ယူငင်
အသက်ဝင်
မျက်နှာချင်းဆိုင်
စကားပြောပေး ရသလို
ရင်းနှီးနွေးထွေးခဲ့ပါရစေ..

/*လေးစားစွာ
by: မေချစ်ခင်
(19.6.2013)*/
//စာရေးခြင်းတွင် သက်ဝင်စွာဖြင့် ပျော်ရွှင်မိပါသည်။
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment