Professional Authors

စိမ်ခေါ်စာ

နှုတ်ခမ်းပါးကို
သွားထက်ထက်နဲ့ဖိ
လက်သီးဆုပ်ကိုတင်းလို့
စိတ်နှလုံး တဒုပ်ဒုပ်ခုန်အောင်
ဟဲ့ လောကဓံ
နင်နဲ့ ယှဉ်ဖို့
မေတ္တာပို့လျက်
သူနိုင်ကိုယ်နိုင်
ခေါင်းတစ်လုံး အပိုပါလာတယ်။

အရွယ်နဲ့ မလိုက်တဲ့
မေတ္တာလက်ဆောင်ပေမဲ့
ကိုယ့်ထူးကိုယ်ချွန်သမားမို
လက်ခံနိုင်သလောက် တွန်းလှန်ထားတယ်
မတတ်သာ မာန်တော့မချဘူး။

နောက်ဆုံး
ငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ ကြိမ်းဝါးသံကို
အစွမ်းကုန်အံတုရင်း
နင် ရှိုက်ကြီးတငင် ငိုကြွေး
မှင်သက်နေစေရမယ်။

ဟန်ချလို့ အငိုက်ဖမ်းမဲ့
ဟဲ့ လောကဓံ
နင့်အစွမ်း ဒါအကုန်ပဲလား?

လေးစားစွာ
by-HM@MCK<Aug,2013>
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment