Professional Authors

ရှိုက် သံ

ထမင်းတစ်လုတ်
ပြုတ်အကျ
ပုတ်ချတဲ့မာန
ထိပါးတဲ့ သိက္ခာ
ရင်ဘတ်ထဲကို
ရေနွေးပူတွေလောင်းချ
မျက်နှာဖုံးတစ်ခု
ကောက်ရတယ်။

ဝက်သားခုတ်
ဓါးမ တစ်ချောင်းက
အရိအယွဲတွေမရှင်းဘဲ
စဉ်းနီးတုံးပေါ်တင်ခုတ်သလို
တဒုတ်ဒုတ်မြည်နေတဲ့
ဘယ်ဘက်ခြမ်းက
သေမင်းအော်သံတွေ
တော်ပါတော့
ရပ်ပါတော့
သေချာခြင်းတစ်ခုက
ကိုယ်တိုင် မခံစားနိုင်လောက်တဲ့
နှုတ်ခမ်းပါးနဲ့
အားနည်းချက်ကို
ပြစ်တင်မစောပါနဲ့။

by~ HM~D active
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment