Professional Authors

သစ်တစ်ပင် သင်ပုန်းကြီးဖတ်စာ …

သစ်တစ်ပင်
ရဲ့ အသုဘ
ခင်ဗျားတို့
လိုက်မပို့ ဘူး ကြဖူး မဟုတ်လား ။

သစ်တစ်ပင်
ရဲ့ ဆွေစဉ် မျိုးဆက်တွေကတော့
ခင်ဗျားတို့ ကို အကျိုးပြုဖူးခဲ့ပြီ။

သစ်တစ်ပင် အတွက်
ခင်ဗျားကိုယ်တိုင်က
ကာဗွန်ဒိုင်အောက်ဆိုဒ်
ဖြစ်ခဲ့ဖူးလား။

သစ်တစ်ပင်
ရဲ့ အကိုင်းအခက်က
စက်ရုံဆောက်ဖို့ လား။

သစ်တစ်ပင်
ရဲ့ အောက်ဆီဂျင် က
မီးခိုးထွက်ဖို့ လောင်စာလား။

မပြောင်းမလဲ နိယာမအရ
သစ်တစ်ပင် ဆိုတာ
သဘာဝရဲ့ ညီမျှခြင်းပါ။

“သ” ဆိုတဲ့ သစ်တစ်ပင် ကို
“က” ကလေး ငယ် ချစ်စဖွယ်လေးတွေအတွက်
“ဂ” ဂဏန်းသင်နေတဲ့
“ဆ” ဆလိမ်ဆရာကြီးတွေ က
“အ” အမွေအနှစ်အနေနဲ့
“ဟ” ဟန်ပြ ပြတိုက်အတွင်း ချန်မထားရစ်စေချင်ဘူး။

က ကလေး အတွက်
သ သစ်ပင်သာယာစွာ
ည ညီမျှတဲ့
သ သဘာဝ လှလှလေး………
ရုပ်ပြစာအုပ် ဖြစ်မသွားချင်စေချင်လို့

သစ်တစ်ပင်ရဲ့ အသုဘကို
ပျိုးပင်သစ်တွေဝန်းရံပြီး
လွမ်းဆွတ်စွာ ခွဲခွာမှတ်တမ်းတင်ကြပါစို့ ။

~ by မေချစ်ခင်
(July ,2013)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment