Professional Authors

နှင်းစက်အဟောင်းများ

………………………….
နှင်းစက်အဟောင်းများ
………………………….

ချစ်သူ…

နင်က ဆောင်းရာသီဆိုရင်
ငါက
နင့်ရဲ့ နှင်းစက်အအိုအဟောင်းလေးပေါ့…

ကျေးဇူးပြုပြီး
နင့်မနက်ခင်းတွေမှာ
ငါ့ကို ၀င်ရောက်နှောင့်ယှက်ခွင့်ပြုပါ...

နေရောင်ခြည်မမြင်ရတဲ့
ခုလိုနေ့တွေမှာ
အေးစက်စက်ငါ့ချစ်ခြင်းက
နင့်ကို လုံလုံလောက်လောက်
နွေးထွေးစေပါရဲ့လား…

နင့်ရဲ့ …
မှုံရီဝိုးတ၀ါးအိပ်မက်တွေကြား
ငါ့ကို တစ်ရာသီစာ
နောက်ထပ်ခိုလှုံခွင့်ပေးပါ….

နင့်ကုန်းမြေမှာ…
ငါ
သဇင်တွေလို တ၀ုန်းဝုန်းဖူးပွင့်မ၀နိုင်လို့….

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment