Professional Authors

မမြင်ချင်ပါလျက်

မမြင်ချင်လျက် အဝေးထွက်လည်း
မင်းကဘေးမှာ ပါလျက်ပဲ
မခေါ်ချင်လျက် ဖုန်းကိုပိတ်လည်း
မင်းကနား နားရောက်လာမြဲ
တကယ်ဆို တစ်ယောက်တည်း
ဘယ်ဆီ ဘယ်နားကိုယ်က သွား
မင်းဝိညာဉ်က အနားမှာ အမြဲ
မင့်မေတ္တာ မင့်ပေးဆပ်မှု
ဘယ်တော့မှ ငါမမေ့
မမြင်ချင်တဲ့ အမုန်းနဲ့ အရှုံး
မမြင်ချင်ပါလျက် ငါ့ဆီကပ်
ငါဘယ်လို လုပ်ရပါ့………..။

In: ကဗျာ Posted By: Date: Nov 16, 2012
Comment #1

ဘာလို့မမြင်ချင်တာလဲဟင်

commentinfo By: maypyo22889 at Nov 16, 2012
Comment #2

Wow
So sweet

commentinfo By: ei lay at Nov 17, 2012
Comment #3

မမြင်ချင်တာ မမြင်ရက်လို့ပါ
ဒါပေမယ့် အနီးမှာ သူရှိတယ်

commentinfo By: Pyin Nyar at Nov 17, 2012
Comment #4

to Pyin Nyar,,
d poem lae ko phat p,,ei nar le dar ka ta myo,,
a mone & a shone ko ma myin chin bu…
a mone & a shone ko ya nay de loh khan sarr nay ya de.
but,,,be lo pe phyit phyit,,,
thu ka koh a narr hmar be a mye shi nay de so dar lone wa yone kyi de.
e lo hote bu lar?

commentinfo By: ei lay at Nov 17, 2012
Comment #5

အင်း ဒီ poem လေးက အိ ခံစားသလိုထက် လေးနက်ပေးကြည့်ပါ
ဘယ်လို ပြောရပါ့
ကဗျာ စကားနဲ့ပဲ ပြောရရင်
ကံကြမ္မာရဲ့ အမုန်း လောကဓံ ရဲ့ အရှုံးတွေကို
မမြင်ချင်လျက် မြင်နေရတယ်
သူ့ကို မမြင်ချင်တာ မဟုတ်ဘူးနော်

commentinfo By: Pyin Nyar at Nov 17, 2012
Comment #6

ကဗျာဆိုတာ ရေးတဲ့သူကလည်း နှလုံးသားနဲ့ရေးသလို
ခံစားသူတွေကလည်း ရင်ဘတ်နဲ့ခံစားကြတာ
ခုလို ဖတ်ရုံမဟုတ်ဘဲ ခံစားတတ်သူတွေရှိတော့
ရေးသူတွေအားတတ်တာပေါ့
ကဗျာကို ဆရာစသင်တုန်းက မှတ်မိသေးတယ်
ဆရာတင်မိုး ကဗျာကိုခံစားကြည့်ဆိုပြီး
ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ
ဒီကဗျာလေးကိုပြတယ်
လေးနက်တဲ့ ဘဝအကြောင်းရေးတာပဲ ဖြစ်မယ်ဆိုပြီးထင်ခဲ့တာ
တကယ်တော့ ရိုးရိုးလေး နေလုံးကြီးကြည့်ပြီး ရေးစပ်ခဲ့တာ
ကျေးကျေးပါ

commentinfo By: Pyin Nyar at Nov 17, 2012
Comment #7

he,,he,
hote
like loh ma hme dot bu,

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment