Professional Authors

ကဗျာမဟုတ်ပါဘူး။ထင်မြင်ချက်လေးတွေသိချင်လို.ပါဖြေပေးသူတွေကျေးဇူး

နုတ်ဆက်လက်ပြသူနဲ.ကျောခိုင်းထွက်ခွာသူ
အဲဒိနှစ်ယောက်မှာဘယ်သူပိုခံစား၊ရလဲဟင်
p.s  သိပ်ချစ်ကြတယ်နော်

Comment #1

ယေဘူယျ…အားဖြင့် ဆိုရင် တော့….ကျော ခိုင်း ထွက် ခွာ သူ က ပို ခံ စား ရ မယ်..ပြီး တော့ သူ ခံ စား ချက် မှာ ဒေါ သ ပါ လိမ့် မယ်….သိပ် ကို စွန့် လွတ် တတ် တဲ့ အချစ် မျိုး ဆိုရင် တော့.. နှုတ် ဆက် လက် ပြသူ ကပို ခံ စား ရ လိမ့် မယ်…သူ့ ခံစား ချက် မှာ ၀မ်း နည်း မှု တွေ ပါ လိမ့် မယ်

commentinfo By: Demon 13 at Dec 22, 2010
Comment #2

ကျွန်တော့်အမြင်ကတော့ နှုတ်ဆက်လက်ပြသူက ပိုခံစားရလိမ့်မယ်ထင်တယ်ဗျာ . . .ကျောခိုင်းထွက်ခွာသွားသူရဲ့ ရင်ထဲမှာ သူလုပ်ရမယ့် အလုပ်၊ ခေါင်းစဉ်တွေနဲ့အတူ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်လို့သာ ကျောခိုင်းခဲ့နိုင်တာပါ။ နှုတ်ဆက်လက်ပြသူကတော့ မစွန့်ခွာနိုင်လို့ ရစ်ဝဲပြီး ကိုယ့်လမ်းမှန်ကိုတောင် မြင်အောင် မကြည့်နိုင်တဲ့သူပါ။ သူ့အချစ်က ပေးဆပ်ခြင်းအချစ်လို့လည်း ခေါ်လို့ရမယ်လို့ ထင်တယ်လေ။ သိပ်တော့ မသိဘူး ။ ကျွန်တော့်သဘောထားပါ။

Comment #3

နှစ်ယောက်လုံးကြေကွဲနေမယ်လို့ထင်ပါတယ်…ချစ်တတ်သူချင်းအတူတူ ဘယ်သူကပိုခံစားရတယ်ဆိုတာဘေးလူတွေ သိနိုင်မယ်မထင်ပါဘူး…

commentinfo By: nweoo at Dec 22, 2010
Comment #4

နှစ်ယောက်လုံး တကယ် ချစ်တက်ကြလို့  အကြောင်းတခုကြောင့် လမ်းခွဲရတယ် ဆိုရင် နှစ်ယောက်လုံး ခံစားရလိမ့်မယ်လို့  ထင်တယ်..။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #5

ဂျွန်ရေ……
နည်းနည်းလောက်ပြန်မေးပါရစေဗျာ
ခွင့်ပြုပါ

နှုတ်ဆက်ချင်ယောင်ဆောင်တဲ့သူနဲ့ ဆိုရင်ကောဗျာ…..
ဘယ်သူပိုခံစားရမ ယ်ထင်လဲဗျ……..

commentinfo By: moehtetaung18 at Dec 23, 2010
Comment #6

နှုတ်ဆက်ချင်ယောင် ဆောင်တဲ့သူဆိုတာ
တကယ်အဖြစ်ဆိုးမှာပဲ…။

commentinfo By: SoFarAwayFromU at Oct 6, 2011
Comment #7

နှုတ်ဆက်လက်ပြသူက ပိုခံစားရမှာပေါ့ အရူးရယ်
ကျောခိုင်းသွားတဲ့သူကတော့ထွက်ခွာသွားသူဆိုတော့ ဘာခံစားချက်တွေ အမှတ်တရတွေကိုမှသယ်မသွားဘူးလေ
ကျန်ရစ်ခဲ့တဲ့သူကတော့ အတူတူသွားခဲ့တဲ့နေရာတွေပျော်ဖူးခဲ့တဲ့နေ့ တွေမြင်တွေ့ နေရာတိုင်းသတိရနေတက်ပါတယ်
နင်တော့ဘယ်လိုမသိဘူး ငါကတော့ဒီလိုပဲသတ်မှတ်ပါတယ်

commentinfo By: eieikhaing at Oct 18, 2011
Comment #8

သိပ်ချစ်တဲ့ လူကတော့ခံစားကြရတာပေါ့
နှုတ်ဆက်ပဲထွက်ခွာ
ကျန်ပဲကျန်ခဲ
ချစ်နေရင်ခံစားရမှာပဲလေ

commentinfo By: loafer at Nov 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment