Professional Authors

နောက်ဆုံးအနေနဲ့ မြင်ခွင့်မရပေမဲ့ နောက်ဆုံးဆန္ဒကိုတော့ လိုက်လျောခဲ့တယ် – နရီထက်

တစ်စက္ကန့်ကို တစ်နာရီလောက် ပေးကြာချင်ပေမဲ့
ကံကြမ္မာက မျက်နှာသာ အပိုပေးခဲ့ဘူး
နှစ်ရက်ဆိုတဲ့ စက္ကန့်အစိတ်အမွှားတွေကြား
အခြေအနေတွေက ပြောင်းဆန်ခဲ့တယ်
လောကဓံလို အမည်တပ်ဖို့
ဒီကမ္ဘာမြေက ကင်းမွန်တပ်ပြီးထားပါ။

အခြေအနေမကောင်းဘူးလို့
လေလှိုင်းကြား ဖြတ်သန်းလာတဲ့ အသံ
ယုံမှ မယုံခဲ့တာ
ငါ့ရင်ဘတ်ကို ပွတ်သပ်လို့
အသဲတွေ ကြွေမွှသွားပြီးလားလို့
စမ်းသပ်ကြည့်မိနေတယ်
အသက်ရှုသံတွေ မြန်နေသလိုပဲ.. . ။

နောက်ဆုံးအချိန် ဖုန်းခေါ်သံက
ဌက်ဆိုးတွေ ဟစ်လောင်နေသလိုပဲ
ဝံပုလွေတွေ မြူနေတဲ့ ညတစ်ညလိုပဲ
ထင်းရှုးပင်ရိပ်တွေက လေကြမ်းတွေနှင့်
လမသာတဲ့ ညတစ်ညလို ဖြစ်စေခဲ့တယ်

စိတ်ခိုင်ခိုင်ထားပါတယ်
ပြောလိုက်စမ်းပါ
နားတော် စွင့်လို့
အကောင်းအဆိုးနှစ်ဖြာ ဒီကံတရားကို
လက်ခံပြီးထားပါ
အမေ. . . အမေ . . . ဆုံးပြီးတဲ့
အမေ. . . မရှိတော့ဘူး. . .
အမေ. . . အသာအယာလေး အိပ်ပျော်သွားပြီး။

အမေ့မျက်နှာလေးကို
နောက်ဆုံး မြင်ခွင့်မရှိတော့ပြီး
အမေ့စကားသံကို
နောက်ထပ် ကြားခွင့် မရှိတော့ပြီး
အမေ့အပြုံးတွေ
နောက်ထပ် လက်ခံခွင့် မရှိတော့ပြီး။

အမေ့ရဲ့ နောက်ဆုံးဆန္ဒ
နယ်မြေသစ်လေးတစ်ခုမှာ
အသာအယာလေး အိပ်စက်ချင်တယ်တဲ့
သား… အဝေးတစ်နေရာကနေ
လုပ်ပေးနိုင်သမျှကို လုပ်ပေးခဲ့ပါတယ်
အမေ့ရဲ့ အုတ်ဂူလှလှနံဘေးမှာ
အမေ ကြိုက်တဲ့ နှင်းဆီပန်းလှလှတွေလည်း
စိုက်ခဲ့ပါသေးတယ်
အမေရဲ့ နောက်ဆုံးဆန္ဒလိုအပ်ချက်အရ
သားတို့မောင်နှမတွေ ဖြည့်ဆည်းပေးခဲ့ပါတယ်
အမေ…….။      ။

နရီထက်
( ၂၉ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 29, 2010
Comment #1

ခံစားလို့ အရမ်းကောင်းတယ်ဗျာ

commentinfo By: ဖိုးနမ်း at Nov 29, 2010
Comment #2

အမေ ကိုချစ်တဲ့ သူတွေတိုင်း အမေ အကြောင်းကို ခံစားမိကြမှာပါ ကိုန၇ီထက်ေ၇…

commentinfo By: genius.jinx28 at Dec 17, 2010
Comment #3

ဟုတ်ကဲ့ပါ။

ခေါ်ချင်နေပေမဲ့ ဆို့အနေခဲ့တယ် ကြားချင်ပေမဲ့ ကန်းနေခဲ့ရတယ် အခမ်းအနားတစ်ခုတက်ရောက် ဖို့ လူစားထိုးလဲလှယ် ခွင့်မရှိဘူး … ရင်ထဲမှာ ဆိုနင့်စွာ နှင့် သိမ်းထား နေခဲ့ ရတဲ့ အမည်နာမတစ်ခု က အမေ ဆိုတာပါပဲ…

commentinfo By: နရီထက် at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment