Professional Authors

ကြိုမမြင်ချင်တဲ့ အနာဂါတ်

ကြိုမမြင်ချင်တဲ့ အနာဂါတ်

ကျောင်းသားဘ၀ နောက်ဆုံးချိန်တွေ

နီးကပ်လာတော့ တိုးလို့ကာ

ပိုခင်မင်ကြတာပေါ့ သူငယ်ချင်းတို့။

သင်္ခါရသဘောတဲ့…

တို့တတွေ အတူတကွရှိချိန်တွေ

မမြဲနိုင်တော့ပေမယ့် ရင်ထဲက

ခင်မင်မှုတွေ မြဲနိုင်အောင်

တို့တတွေ သစ္စာဆိုကြရအောင်လေ။

ဝေးကြတော့မယ် တနယ်တကျေး

ကွဲကွာသွားခဲ့ကြရင် အချိန်ဆိုတဲ့အရာကြီး

ကြားဝင်ခြားနားခဲ့တောင် ရင်ထဲက

ခင်မင်မှုတွေ အရင်အတိုင်းသာ

ရှိနေချင်တာ တို့တတွေရဲ့သစ္စာဖြစ်ပါစေ။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

nice.

commentinfo By: ei lay at Sep 1, 2011
Comment #2

အားပေးလျှက်ပါ

commentinfo By: အသဲကွဲမိုး at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment