နင့်ရဲ့အနားမှာဆိုရင်လေ….
နင့်ရဲ့အနားမှာဆိုရင်လေ
တစ်မိနစ်ဖြစ်ဖြစ် နှစ်မိနစ်ဖြစ်ဖြစ်
အချိန်ရသလောက်နေချင်မိတာ …ငါ့အတ္တတစ်ခုပါ…။
နင့်ရဲ့အနားမှာဆိုရင်လေ
ဒီတစ်ဘ၀မကလို့
နောင်ဘ၀အထိပေးဆပ်ရလည်း ငါပျော်ရွှင်နေမိမှာပါ….။
နင့်ရဲ့အနားမှာဆိုရင်လေ
ဘယ်အခြေအနေပဲဖြစ်ဖြစ်
ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ငါရှိနေချင်တာပါ….။
နင့်ရဲ့အနားမှာဆိုရင်လေ
ဘယ်သူတွေ ဘာပြောပြော
အပြစ်တွေ ဘယ်လိုပဲဖြစ်ဖြစ် ငါ တည်မြဲချင်နေတာပါ….။
နင့်ရဲ့အနားမှာဆိုရင်လေ
ဒီခရီးလမ်း အလွန်ကြမ်းတမ်း
ခက်ထန်နိုင်တဲ့ မုန်တိုင်းတို့ကြားမှာလည်း ငါက နူးညံ့မိမှာပါ…။
နင့်ရဲ့အနားမှာဆိုရင်လေ
နင် ဘယ်သူ့ကိုပဲချစ်ချစ်
နင် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ငါ ခိုကပ်နေချင်တာပါ….။
နင့်ရဲ့အနားမှာဆိုရင်လေ…..
Reason အမျိုးမျိုးတွေ ထပ်မပြောလိုတော့ဘူး
နင် မနှင်သရွေ့ငါကချစ်ခင်နေမိမှာပါ။
နင့်ရဲ့အနားမှာဆိုရင်လေ…..
ဒီလောကကြီးဆီက ဘာမှထပ်မရနိုင်လည်းနေစိမ့်နိုင်မှာပါ…။
အဆုံးအစမဲ့ ရှင်သန်ခြင်းသာလိုအပ်မှာပါ
ကန့်ကွက်မထားတဲ့ နားလည်မှုသာ ပိုက်ထွေးမှာပါ….။
နင်ယုံကြည်ပါ
နင့်ရဲ့အနားမှာဆိုရင်လေ….
ငါက…..အမြဲတမ်း ဘာမဆို….ကျေနပ်နိုင်စွမ်းရှိမယ့်သူပါ…။
Comment #2
good ! 🙂
By: sharon myorr myor at Oct 15, 2011
Comment #3
နင့်ရဲ့အနားမှာဆိုရင်လေ
နင် ဘယ်သူ့ကိုပဲချစ်ချစ်
နင် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ငါ ခိုကပ်နေချင်တာပါ….။
တကယ်ချစ်နိုင်တာဘဲဗျ ကဗျာလေး ဖတ်သွားတယ် အားပေးတယ်ဗျာ ။
By: X - ray at Oct 15, 2011
Comment #5
thz so so much.
ngar ko nin nar hmar pe nay kwint pyu par,
By: ei lay at Oct 27, 2011
Comment #6
nin ye a nar hmar so yin lay,,,
a yar arr lone pyay sone par p
By: ei lay at Mar 23, 2012
Comment #7
နင့်ရဲ့အနားမှာဆိုရင်လေ
နင် ဘယ်သူ့ကိုပဲချစ်ချစ်
နင် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ငါ ခိုကပ်နေချင်တာပါ….။
By: ငယ် at Mar 23, 2012
Comment #8
Ngar narr hmar nin tar Shi yin,,
a yar yar pi pyay sone twar p, ,,
Nout htet bar hma htet ma Lo dot bu Kwe.
By: ei lay at Nov 17, 2012
Comment #9
ဘယ်လိုဖြစ်လို့အဲ့လောက်ကောင်းအောင်ရေးရတာလဲဗျာ..share ခွင့်လေးတော့ရချင်တယ်..
By: phyumarhmwe at Jan 5, 2013
Comment #10
တကယ်လား?
By: saw at Jan 5, 2013
Comment #11
တကယ်ပေါ့ Saw ရေ
phyumarhmwe ရေ share ခွင့်ပေးပါတယ်ရှင်
အားပေးကြတဲ့ သူငယ်ချင်းတွေကို ကေ ကကျေးဇူး အသင်္ချေပါရှင်….။ ။
By: ကေသရီ at Jan 5, 2013
Comment #12
I m dying to miss.
:'(
:'(
:'(
By: ei lay at Jan 6, 2013
Comment #13
share ခွင့်ပေးတဲ့အတွက်ကျေူးဇူးပါနော်..
By: phyumarhmwe at Jan 22, 2013




Comment #1
နင့်ရဲ့အနားမှာဆိုရင်လေ
တစ်မိနစ်ဖြစ်ဖြစ် နှစ်မိနစ်ဖြစ်ဖြစ်
အချိန်ရသလောက်နေချင်မိတာ …ငါ့အတ္တတစ်ခုပါ…။
နင့်ရဲ့အနားမှာဆိုရင်လေ
ဒီတစ်ဘ၀မကလို့
နောင်ဘ၀အထိပေးဆပ်ရလည်း ငါပျော်ရွှင်နေမိမှာပါ….။
ကောင်းတယ်ဗျာ အားပေးသွားပါတယ်