Professional Authors

ငါ့ကို မနက်ဖြန်လေးမြင်ခွင့်ပေးပါအုံး…..

ချစ်သူရေ……
နင်ကငါ့ရဲ့ အနားသတ်မျဉ်းလေးပေါ့
လိုအပ်ပါတယ်…..

ပြာခွက်လေးရေ..
လောင်မီးကျနေတဲ့ ငါ့အတွက်
နင့်ထဲ ငါ့ခန္ဓာတွေ ခုန်ဆင်းခွင့်ပြုပါ

ခေါင်းအုံးလေးရေ…
ထင်ရာလုပ်တတ်တဲ့ မာကြောကြောငါ့အတွက်
နင့်ရဲ့ နူးညံခြင်းတွေနဲ့ ထွေးပွေ့ ပေးပါ

စာအုပ်ကလေးရေ…
ဝိုင်းစက်စက်တေးသွားတွေနဲ့ .
ထောင့်မကျိုးတဲ့ ငါ့ကိုဖျော်ဖြေပါအုံး..

မီးလုံးလေးရေ……
မှောင်မိုက်နေတဲ့ငါ့ကို…အမှားမဖြစ်ဖို့ 
ခဏတော့  နင်လောင်ကျွမ်းပေးလှည့်ပါအုံး

ကျေးဇူးပါ..မျက်လုံးလေးရေ….
ငါ့ချစ်သူကိုမြင်ခွင့်ပေးခဲ့တယ်..
အခုတော့ နင်အနားယူပါ…

ကောင်းသောညပါ လောကကြီး
နောက်ဆုံးတစ်ခုပဲပေးပါ….
ငါ့ကို မနက်ဖြန်လေးမြင်ခွင့်ပေးပါအုံး…..

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

Cute

commentinfo By: ei lay at Dec 3, 2012
Comment #2

ကောင်းသောညပါ လောကကြီး
နောက်ဆုံးတစ်ခုပဲပေးပါ….
ငါ့ကို မနက်ဖြန်လေးမြင်ခွင့်ပေးပါအုံး…..

မြင်ခွင့်ရနေမှာပါနော် .. အားမငယ်ပါနှင့်

commentinfo By: မေပျို at Dec 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment