Professional Authors

နင့်အနားကသူ့ကို ငါမုန်းတယ် နင်သူနဲ့တွဲသွားတိုင်း ငါမကြည့်နေနိုင်ခဲ့ဘူး မမြင်ချင်လဲမြင်နေရတဲ့နင်တို့

နင့်အနားကသူ့ကို ငါမုန်းတယ်
နင်သူနဲ့တွဲသွားတိုင်း ငါမကြည့်နေနိုင်ခဲ့ဘူး
မမြင်ချင်လဲမြင်နေရတဲ့နင်တို့2ယောက်ကို
ငါဘယ်လိုအင်အားနဲ့ရင်ဆိုင်ရမှာလဲ
သူငယ်ချင်းအချင်းသစ္စာဖောက်တယ်လို့လည်းငါမပြောချင်တော့ပါဘူး
ဒါပေမယ့်ဟာ ငါနင့်ကိုချစ်နေတာသိသိရက်နဲ့
သူနင်နဲ့တွဲတာတော့လွန်လွန်းပါတယ်
နင်သူနဲ့တွဲသွားတိုင်း ငါ့ရင်ကိုဓားနဲ့မွှန်းသလိုပဲ

ဘာတဲ့ နင့်ကိုအရမ်းချစ်တယ် ငါ့ကိုရောနင်ချစ်ရဲ့လားတဲံ
အဲ့ကောင်ပြောထွက်တာငါတကယ်အံ့သြတယ်
နင်ကေ၇ာဘာလို့များသူနဲ့တွဲနေတာလဲ
ငါ့ကိုချစ်တယ်ပြောပြီး နင်သူနဲ့တွဲနေတာ
ငါဘယ်လိုလက်ခံပေးရမှာလဲ……..
ဆုံးရှုံးလိုက်ရတော့မှာလား နင့်ကို…….
ငါရူးသွားမှာ………. နင့်ကိုသာဆုံးရှုံးလိုက်ရရင်
မျက်ရည်ဆိုတာလည်းပါးပြင်ပေါ်သက်ဆင်းရလွန်းလို့
မြစ်တစ်စင်းဖြစ်တော့မယ်……..
မခံစားနိုင်ပါဘူး နင်အဲ့လိုလုပ်နေတာ……….
မပြောရက်ခဲ့ပါဘူး နင်စိတ်ညစ်မှာစိုးလို့
ငါတစ်ယောက်တည်းပဲရင်ကွဲပါရစေတော့ ဟာ……………..။
နင်ငါ့ကိုမေ့ပစ်လိုက်ပါတော့………..
ငါကသူနဲ့မယှဉ်နိုင်ပါဘူး
သူကငါ့ထက်အားလုံးသာပါတယ်
နင့်ကိုငါချစ်တဲ့အချစ်လောက်တော့သူမချစ်နိုင်ပေမယ့်
နင်ပျော်ရွှင်အောင်တော့သူလုပ်ပေးနိုင်မှာပါ…….

ဘာဖြေရှင်းချက်မှလည်းမပေးပါနဲ့တော့……
ဝေးလက်စနဲ့ငါတို့ဝေးလိုက်ကြရအောင်နော်
အရှုံးပေးလိုက်တာကဘာပဲဖြစ်ဖြစ် နင်စိတ်ချမ်းသာဖို့အတွက်ပါ…….
နင် နား လည် ပေး ပါ ကွာ

In: ကဗျာ Posted By: Date: Sep 28, 2011
Comment #1

ဒီလိုပါပဲ . . . နောက်ကျော ဓါးနဲ့ ထိုး ကြတဲ့ သူတွေ ပါပဲ . . . သူငယ်ချင်းဆိုတာက အမြဲတမ်း ကိုယ့်အပေါ် မကောင်းကြပါဘူး . . . တော်တော်များများပါ . . . အမြဲတမ်းကြုံနေရတော့ ဒီလို နောက်ကျောဓါးနဲ့ ထိုးတတ်တဲ့ ကိစ္စ တွေ အတွက်တော့ ခံနိုင်ရည်ရှိသွားပြီ . . . သူတို့ အတွက် လိုက်ခံစားမနေပါနဲ့ တော့ . . ဒါက သူငယ်ချင်းသစ္စာဖောက်ရုံနဲ့ ဖြစ်လာတဲ့ ကိစ္စ မှ မဟုတ်တာ . . မိန်းကလေးဘက်က သစ္စာ မဲ့ တာကြောင့်လဲ ဖြစ်လာတာပဲလေ . . . ၀မ်းသာလိုက်ပါ . . ကိုယ်နဲ့ မတန်ဘူးလို့ သာ ယူဆ လိုက် 🙂

commentinfo By: Ghost LikE at Sep 29, 2011
Comment #2

ဒီလိုတွေပဲပေါ့…။

commentinfo By: SoFarAwayFromU at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment