Professional Authors

“ထာဝရ အဖေ”

အဖေ…ကျွန်တော့်ကိုစွန့် ခွာသွားတာ
လူမှန်းသူမှန်းသိတတ်စအရွယ်ဆိုပေမဲ့ 
လောကကြီးအကြောင်းကောင်းကောင်းနားမလည်သေးပါဘူး…
နားမလည်သေးလို့   ၊မုန်းတယ်လို့ ပြောခဲ့တာ
အဖေ့အတွက်တော့ ၊နှလုံးသွင်းသွားခဲ့မယ်ထင်တယ်။

လူလောကဘောင်ထဲကိုတစ်ယောက်ထဲလျှောက်ဖို့ 
မခက်ခဲပေမဲ့ …
ပြောခဲ့တဲ့စကားတွေကို  ၊ပြန်ကြားတိုင်း
မျက်ရည်ကျမိတယ်…။

လူဆိုတာကိုယ့်အတ္တနဲ့ ကိုယ်နေထိုင်ကျစမြဲပါ
အဖေအရက်သောက်လို့ 
အမေ့အပေါ်မကောင်းလို့ 
မိသားစုအပေါ်မကောင်းလို့ 
ကျွန်တော်မုန်းခဲ့တာဆို…ဘယ်သူ့ အမှားလဲ?

ကျွန်တော်လူဖြစ်ပြီး 7 နှစ်အကြာမှာပဲ
လူ့ လောကထဲကနေ…တိတ်တဆိတ်ထွက်ခွာသွားခဲ့ရတဲ့
အဖေ့အပေါ်မှာ…ကျွန်တော်မျက်ရည်တစ်စက်တောင်မကျမိခဲ့ဘူး…
သိပ်ရင့်ကျက်နေလို့ တော့မဟုတ်ပါဘူး…
နားမလည်သေးလို့ ပါ။

အခုကျမှ…မိန်းကလေးတစ်ယောက်အတွက်နဲ့
မျက်ရည်ကျမိမှပဲ…ပိုဝမ်းနည်းလာမိတယ်
ငယ်ငယ်ကအဖေ့အပေါ်မှာထားခဲ့တဲ့စိတ်ကို…။

အဖေဆိုတာဘာလဲ?
အမေဆိုတာဘာလဲ ?
မိဘဆိုတာဘာလဲ?
လက်ခုပ်ဆိုတာ..နှစ်ဖက်တီးမှမြည်တာပါ
တစ်ဖက်တည်းတီးလို့ 
အသံမသာပါဘူး…။

ဒီအချိန်ရောက်မှ…..
အဖေသာရှိရင်လေ
ကျောင်းတတ်တိုင်းမှာရေးခဲ့ရတဲ့ 
အဖေနာမည်နောက်က ကွင်းစ ကွင်းပိတ် ( ) လေးကိုဖျက်ပစ်ချင်တယ်…။
လူကြားထဲမှာခေါင်းငုံထားခဲ့ရတဲ့…စိတ်ဓာတ်တွေ
ခေါင်းမော့လာစေချင်တယ်…အဖေသာရှိရင်လေ…။

နောင်တဆိုတာနောင်မှရလာကျတာပါ
အဖေလည်းနောင်တရနေမှာပါ…တမလွန်ကနေ
ငါဘာလို့ အရက်သောက်ခဲ့သလဲဆိုတာ…
ထာဝရသတိရနေပါတယ်…အဖေ။

အားလုံးပဲခင်ဗျာ…ကျွန်တော်ရေးသားရာမှာအဆီအလျော်မသင့်သော်လည်းကောင်းမှားနေသော်လည်းကောင်းခွင့်လွှတ်ပေးပါရန်…တောင်းဆိုပါတယ်

In: ကဗျာ Posted By: Date: Sep 13, 2012
Comment #1

don’t feel depress.
don’t cry.
it’s life.

never give up easily,
nothing can get easily,

face the reality of present time.
don’t miss the bad dream of pass period.

noone is perfect.
noone did mistakes.

u r not the only one who make mistakes.
now,,there r many times to do good things
so,,,,
fighting,

commentinfo By: ei lay at Sep 13, 2012
Comment #2

thz ma ei lay cause i remember my dad!
now i’m in the war and i fight with the world

commentinfo By: loafer at Sep 13, 2012
Comment #3

great
nice idea
fighting

commentinfo By: ei lay at Sep 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment