Professional Authors

*ထာဝရ မနက်ဖြန်*

စီးချက်ကျကျ ခုန်နေတဲ့နှလုံးသားတစုံ
စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ စိတ်တွေနဲ့
မှန်းရခက်တဲ့ မနက်ဖြန်တွေအတွက်
ရာဇဒဏ်မသင့်ဖို့ ဒီနေ့မှာ လက်တွဲထားမယ်…

ဆုံတွေ့ခဲ့တဲ့ အချိန်တွေက အစ
ခွဲခွာခြင်းမဲ့တဲ့ ထာဝရ အဆုံး
ခုန်နေတဲ့ ရင်ခုန်သံတွေရပ်သွားရင်လဲ
အပြန်အလှန်ပေးဆပ်တဲ့ အချစ်တွေနဲ့ အသက်ဆက်ရှင်မယ်…

ငါ့ကိုမွေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ မိခင်
ငါ့ဘ၀ကို လမ်းပြတဲ့ ကျေးဇူးရှင်က ဖခင်
ငါ့လက်ကိုတွဲထားတဲ့ သူကတော့ ငါ့ကိုချစ်တဲ့သူ
ပေးဆပ်သူတွေအတွက် မျှော်လင့်ချက်ဆိုတာ သခင်ပါပဲ…

နှလူံးသားထဲက ဒိုင်ယာရီကို ဖွင့်လိုက်တိုင်း
ငါ့တို့တွေပျော်ခဲ့တဲ့ သမိုင်းတွေနဲ့
ကြည်နူးခြင်းတွေက ဖိတ်ကျ
သူနဲ့အတူရှိခဲ့တဲ့ နေ၀င်ချိန်တွေက ရှုမ၀ပါပဲ…

အတ္တ မာန်မနကင်းတဲ့ အချစ်တွေနဲ့
တည်ဆောက်ခဲ့တဲ့ ငါ့တို့တွေအတွက်
လမ်းမခွဲကြေးဆိုတာက အဘိဓာန်မှာမရှိပေမဲ့
ခဏလောက်ဝေးနေရတာ ဆယ်ကမ္ဘာခြားနေသလိုပဲ…

အချစ်ကို စတင်မွေးဇွားခဲ့တဲ့ စက်တင်ဘာနံနက်ခင်း
ဘယ်တော့မှ မပျက်ယွင်းရအောင် အချိန်နဲ့အမျှ ကြံဆောင်
မြင်ယောင်နေခဲ့ အတူရှိခဲ့တဲ့ နေ၀င်ချိန်နဲ့ အိမ်ပြန်ချိန်
အတူရှိနေမဲ့ ထာဝရ မနက်ဖြန် နဲ့ ကမ္ဘာဆုံးမဲ့ စက္ကန့်အချိန်ထိ
အချစ်ကို သံသရာရှင်းစွာ ချစ်နေမယ်…

In: ကဗျာ Posted By: Date: Feb 13, 2012
Comment #1

oh my god,,
excellentttttttttt
excellentttttttttttt
excellenttttttttttttt

commentinfo By: ei lay at Feb 13, 2012
Comment #2

စီးချက်ကျကျ ခုန်နေတဲ့နှလုံးသားတစုံ
စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ စိတ်တွေနဲ့
မှန်းရခက်တဲ့ မနက်ဖြန်တွေအတွက်
ရာဇဒဏ်မသင့်ဖို့ ဒီနေ့မှာ လက်တွဲထားမယ်…

commentinfo By: May Kha at Feb 13, 2012
Comment #3

May i know who are you please???

Comment #4

Lawn Nge lay. are you Jule?

Comment #5

yessss

commentinfo By: Lwan Nge Lay at Feb 20, 2012
Comment #6

Super like

commentinfo By: ei lay at Jan 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment