Professional Authors

ထာဝရ

ချစ်သူရေ……….
သင် ဘယ်လိုနေပါသလဲ
ချစ်သူရေ……
သင် အဆင်မှပြေပါရဲ့လား
ချစ်သူရေ
သူလေ မင်းကို ဂရုမှစိုက်ရဲ့လား
သူငယ်ချင်းတွေက
မင်းကို ငါ့ချစ်သူမှ မဟုတ်တော့တာတဲ့
မင်းဂရုစိုက်စရာမလိုတော့ဘူးတဲ့…..
ဘယ်ဟုတ်မလဲ
မင်းက ငါ့ဘဝ
တစ်ချိန်က ဖြစ်ခဲ့တယ်လေ
ငါ့ အသည်းက နင့်ဆီမှာလေ
ငါ ချစ်ကတာနင်လေ
ငါ မြတ်နိုးတာနင်လေ
ငါ ဘ၀ကနင်လေ
နင်ဘယ်သူကို ချစ်ချစ်
သေချာတယ်
ငါကတော့ နင်ကို ထာဝရပါ………
အချစ်ကို အမွှန်းတင်
ငါ့ကိုလူညံလို့
ဝိုင်း သတ်မှတ်ကြလေရဲ့
နင့်ကို ချစ်ရတဲ့ အတွက်
ငါ ကြိုက်မရှက်
ငိုက်လည်း မရှက် နိုင်ခဲ့ဘူး
သူများတွေ တံတွေးခွက်ထဲ
ငါ လေ အရှက်မရှိခြင်းလှေနဲ့
လှော်သွားနိုင်လေရဲ့………
ဒါပေမယ့် နင်ငါ့ကို
မုန်းမသွားပါနဲ့
မချစ်နိုင်ရင်နေပါ
မမေ့ပါနဲ့
နင် လေ အဆင်မပြေ
အကြောင်းမတိုက်ဆိုင်ရင်
ခပ်ညံညံ လူတစ်ယောက်ရဲ့
ခပ်လတ်လတ် အသည်းနှလုံးတစ်ခုနဲ့
ခပ်စုတ်စုတ် ပုခုံးတစ်ခု နင့်မှီဖို့နဲ့
နင်ကို ချော့ဖို့ ခပ်ကြောင်ကြောင် စကားလုံးတွေ
ရှိသေးလေရဲ့….
ချစ်သူ အချစ်ဆိုတာ
ငါအတွက်ကတော့
ရေမကူး တတ်တဲ့လူ
ရေနစ်သလိုပဲ
သုံးခါပေါ်ပေမယ့်လည်း
မင်းမျက်နှာလေးတွေ့ကတည်းက
ငါ အော်ဖို့တောင်မေ့နေခဲ့တယ်….
နင်ငါ့ကို ဘယ်လိုနှိပ်စက်ပါ
ဘယ်လို အနိုင်ကျင့်ပါ
ဘယ်လို အနိုင်ယူပါစေ
ငါဆိုတဲ့ အကောင်က
နင့်အတွက် မွေးလာတာပါ….
နင်ပြန်လာတာကို စောင့်လျှက်……………….

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

ကောင်းတယ်ဗျာ

commentinfo By: Village chat kyi at Oct 26, 2011
Comment #2

oh,,,,kyat ti tway taung hta de.
really.

u r so kind,generous,sympthatic person.
i m envious of u,ur love,ur kindness,ur pure mind.
really……
really…..

commentinfo By: ei lay at Oct 27, 2011
Comment #3

true love has no reason.

commentinfo By: ei lay at Oct 27, 2011
Comment #4

forever,,

commentinfo By: ei lay at Jul 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment