Professional Authors

ထာဝရ……..မောင်

လျောက်ခဲ့ဖူးတဲ့မြေနီလမ်းရယ် ထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံလေးရယ် ပြောခဲ့ကျတဲ့ စကားလေးတွေရယ် နောက်ပြီး…. ချစ်ခဲ့ကျတဲ့အချစ်တွေရယ် ဒါတွေကိုသတိရတော့ တမ်းတမိတယ် မောင်ရယ်..အမြတ်တနိုး မောင်နမ်း
ခဲ့တဲ့ ဆံနွယ်တွေကတော့ အခုထိရှည်လျားနေဆဲပါပဲ တခုတော့ရှိတာပေါ့
သူတို့ကိုမြတ်နိုးယုယမယ့် သခင်ကိုစောင့်မျော်နေကြတာလေ မောင် သိရဲ့လား ဆံနွယ်ရှည်တွေက မောင်ရဲ့ ကိုယ်ပွားလေးပါပဲ မောင် အရမ်း
မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ဒီဆံနွယ်ရှည်တွေကို ညှပ်ပစ်ချင်ခဲ့မိတယ် မောင့်ကို
မမေ့နိုင်လို့လေ မေ့ချင်တယ် မောင်ရယ် အရာအားလုံးကိုပေါ့ မမေ့နိုင်တာ
ခက်တယ် အချိန်က ကုစားပေးမယ်တဲ့ အဲဒီလိုဖြစ်ရင်ကောင်းမယ်နော်
မောင့်ကိုချစ်ခဲ့တဲ့ အချိန်တွေက အိမ်မက်တွေဆိုရင် မနိုးထချင်တော့ဘူး
မောင်ရယ် မောင့်ကိုလဲချစ်တယ် မောင်ချစ်တဲ့ သစ်ပင်လေးတွေကိုလဲ ချစ်တယ် မောင်နဲ့ နှစ်ယောက်အတူတူ စိုက်ခဲ့တဲ့ ပန်းပင်လေးဆိုရင် အခု ပန်းတောင်ပွင့်နေပြီး မောင်ပြောဖူးတယ် ဒီအပင်လေးက ပန်းပွင့်ရင်
မောင်ကိုယ်တိုင်ပန် ပေးမယ်တဲ့ အခုတော့ ပန်းလေးတွေပွင့်ခဲ့တာ သုံးရာသီမှာ သုံးကြိမ်ပွင့်ခဲ့ပြီး ဒါပေမယ့်မောင်တော့ တခါမှမပန်ပေးခဲ့ဖူးနော် မောင် မပန်ပေးလို့ ဒီပန်းလေးကို မပန်ခဲ့ပါဘူး
မောင့်ကို ပန်းလေးလဲ စောင့်မျော်နေပါတယ် ပန်းလေးကို ပန်ဆင်ပေးမယ့် မောင့်ကို ဆံနွယ်လေးတွေကလဲ မျော်နေပါတယ် မောင်…..

In: ဝတ္ထု Posted By: Date: May 28, 2010
Comment #1

လာလည်သွားပါတယ်နော် ..စာပေသမားအချင်းချင်းပါ…

Comment #2

လာလည်သွားတဲ့အတွက် ကျေးဇူးပဲနော်

commentinfo By: thukhacho at Jun 4, 2010
Comment #3

လာလည်သွားတယ်နော် ……..

commentinfo By: su pyae at Jun 4, 2010
Comment #4

လာလည်သွားပါတယ်….ဘဝတူတွေမို့လို့…

commentinfo By: aung thu myo lwin at Jun 9, 2010
Comment #5

lover
ကိုသတိရတယ်

commentinfo By: rot chan at Jun 11, 2010
Comment #6

ခြေထောက်ပေါက်ရာ လျှောက်မိပါ၍
အလည်လာခြင်း ဖြစ်ပါသည် ။ ။

commentinfo By: မောင်နွေဦး at Jun 16, 2010
Comment #7

နောက်ထပ်အကြိမ်များစွာ အဲဒီလိုခြေထောက်ပေါက်ရာလာလည်ဦးနော်
🙂

commentinfo By: thukhacho at Jun 17, 2010
Comment #8

ကြိုက်ပါတယ်

commentinfo By: moelay at Jun 22, 2010
Comment #9

တို့ကတော့ ခါးကျော်နေတဲ့ ဆံပင်ရှည်တွေကိုလည်း ညှပ်ပစ်ခဲ့ပြီ…
မြေနီလမ်းကိုလညိး ခြေဦးမလှည့်တော့ဘူး……
သူ့ကိုလည်းမမျှော်တော့ဘူး………
မေ့မရသေးတာတော့ … ခုထိပဲ……………

commentinfo By: နှိုင်းခ at Aug 3, 2010
Comment #10

အပေါ်ယံတွေကိုပြောင်းလဲလို့ရပေမယ့် နှလုံးသားကိုတော့ပြောင်းလို့မရဘူး
လေ နှိုင်းခ ရယ်……

commentinfo By: thukhacho at Aug 3, 2010
Comment #11

မြန်လှချည်လား….
တို့လည်း online ပေါ်မှာ add မလား…သူငယ်ချင်းဖြစ်ချင်လို့..
[email protected]

commentinfo By: နှိုင်းခ at Aug 3, 2010
Comment #12

add လိုက်ပြီးနှိုင်းခရေ…

commentinfo By: thukhacho at Aug 3, 2010
Comment #13

လာဖတ်သွားပါတယ် ကဗျာတွေဖတ်ရင်း
ဒီဘက်ဖတ်မိရာကနေ ဒိရောက်လာတာ
ကောင်းပါတယ် ..

commentinfo By: barnay at Sep 14, 2010
Comment #14

လာလည်သွားပါတယ်……လမ်းပျောက်နေတယ်

commentinfo By: အသဲကွဲမိုး at Dec 30, 2010
Comment #15

မောင့်ကိုချစ်ခဲ့တဲ့ အချိန်တွေက အိမ်မက်တွေဆိုရင် မနိုးထချင်တော့ဘူး~~~!!!
ကြိုက်တယ်…လာလည်သွားတယ်နော်… 🙂

commentinfo By: blackmossess at Feb 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment