Professional Authors

ထာဝရ

တကယ်တော့ချစ်သူ…
ဒါအဆုံးသတ်ချိန်
ငါပြန်မလှည့်သင့်တော့မှန်း
သေချာသွားတဲ့အခါ
ဘယ်လိုအားကိုးတချို့နဲ့
နင့်ရင်ခွင်…လှမ်းခိုရဲမလဲ???

တခါတလေ..တိုက်ဆိုင်မှုတချို့ကြောင့်
ဒီကောင်မလေးကို
သတိရမိတဲ့အခါ………….အမုန်းဘက်ကိုသာ
စိတ်ယိုင်လိုက်ပါ။
နင်သာ..စိတ်ကျေနပ်မယ်ဆို
ငါမပျော်တဲ့လမ်း……ပန်းတိုင်အရောက်လှမ်းဝံ့တဲ့
နင့်အမုန်းဆုံးသူလေးပါ။

အရှက်မဲ့တယ်…..
နင်စွပ်စွဲခဲ့ရက်လို့
အသက်မဲ့စွာရှေ့ဆက်လှမ်း….
နင့်ရယ်သံတွေတိတ်ဆိတ်တဲ့လမ်း
………..
မာနတံခွန်ရဲ့ရဲ့လေးနဲ့
ဒီဘက်လှည့်ငို
မျက်ရည်စို့မျက်ဝန်းတွေ
နင်….မသိစေရဘူး..။
နင်…မမြင်စေရဘူး…။

နောက်ပြန်လှမ်းနေတဲ့…ခြေလှမ်းတွေ
နင်နဲ့ဝေး..ဝေးးးးပြေးရန်မလိုသော်လည်း
လှည့်ကြည့်ရန်..မဖြစ်နိုင်တော့တဲ့အခါ
1လှမ်းချင်း….1လှမ်းချင်း
ငါ…မျက်ရည်တွေနဲ့
ဆွေး…
ဆွေးလေး….လှမ်းနေခဲ့တယ်။

ချစ်ခဲ့တုန်းကထက်
ဝေးသွားတဲ့အခါ…ပိုပို
သည်းတတ်တဲ့အလွမ်းတွေ
မနိုင့်တနိုင်..သယ်ယူရင်း….
အတိတ်ကို…ထွက်..ပြေးချင်မိတယ်။

……………………………..
နောင်တတဲ့…နင့်ရင်ထဲကငိုသံ
ကြားလိုက်တိုင်း…
1စစီကြေကွဲ……မျှော်လင့်ချက်…
ဘာအရောင်မှ မပါဘူး…..
အေးခဲ့နေတဲ့..နင်ရင်ခွင်လေး….
နွေးထွေးနေစေချင်တယ်….

ငါ…ဘယ်လို….
ကြွေကြွေပေါ့
ထာဝရအတွက်တော့…
နင့်အပြုံးတွေ…ဝေ နေစေချင်တယ်။

 

In: ကဗျာ Posted By: Date: Feb 4, 2011
Comment #1

ငါ…ဘယ်လို….
ကြွေကြွေပေါ့
ထာဝရအတွက်တော့…
နင့်အပြုံးတွေ…ဝေ နေစေချင်တယ်။
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Feb 4, 2011
Comment #2

မာနတံခွန်ရဲ့ရဲ့လေးနဲ့
ဒီဘက်လှည့်ငို
မျက်ရည်စို့မျက်ဝန်းတွေ
နင်….မသိစေရဘူး..။
နင်…မမြင်စေရဘူး…။

အဲဒါလေး ကြိုက်တယ်…

Comment #3

ငါ…ဘယ်လို….
ကြွေကြွေပေါ့
ထာဝရအတွက်တော့…
နင့်အပြုံးတွေ…ဝေ နေစေချင်တယ်။
…………………….. ကောင်းတဲ့ကဗျာလေးပါ ……………..:P

commentinfo By: apollo at Feb 4, 2011
Comment #4

ကောင်းတဲ့ကဗျာလေးပဲ

commentinfo By: apollo at Feb 4, 2011
Comment #5

ကျေးဇူးအများကြီးတင်ပါတယ်.

commentinfo By: အသဲကွဲမိုး at Feb 5, 2011
Comment #6

ဒီကဗျာဆရာကျွန်တော်အကြိုက်ဆုံးထဲက တယောက်..အကြိုက်ဆုံးတွေတောင်သူ့ လောက်ကောင်းချင်မှ
ကောင်းတာဗျ

Comment #7

GOODDDDDDDDDD!

commentinfo By: ထူးဝေ at Feb 5, 2011
Comment #8

တခါတလေ..တိုက်ဆိုင်မှုတချို့ကြောင့်
ဒီကောင်မလေးကို
သတိရမိတဲ့အခါ………….အမုန်းဘက်ကိုသာ
စိတ်ယိုင်လိုက်ပါ။
နင်သာ..စိတ်ကျေနပ်မယ်ဆို
ငါမပျော်တဲ့လမ်း……ပန်းတိုင်အရောက်လှမ်းဝံ့တဲ့
နင့်အမုန်းဆုံးသူလေးပါ။
မအသဲကွဲမိုးရေ…စာသားတွေကတကယ်ထိတယ်ဗျာ…..သူလည်းပဲခင်ဗျားကိုလွမ်းနေမှာ သေချာပါတယ်………

commentinfo By: terry at Feb 6, 2011
Comment #9

အားပေးတဲ့သူငယ်ချင်းမောင်နှမများအားလုံးအထူးကျေးဇူးတင်ပါတယ်
မိုးကဗျာလေးတွေကို အားပေးတဲ့ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူများကို လည်း
ကျေးဇူးအများကြီးတင်ပါတယ်.. 😀 😀

commentinfo By: အသဲကွဲမိုး at Feb 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment