Professional Authors

ထာဝရ အရှုံး…………………..

ဘ၀စာသား
မထူးခြားလည်း
သူမနှင့်တွေ့
သူမနှင့်ဆုံကတည်းက
ဘ၀ရဲ့တန်ဖိုး
ဘ၀ရဲ့တန်ခိုးကို
ကျွန်တော်သိခဲ့ပြီ
အသက်ရှင်ရပ်တည်တယ်
ရုန်းကန်လှုပ်ရှားကြတယ်လေ
ဒါတွေအားလုံးဟာ
ကျွန်တော်တို့ ဖြစ်တည်ရှင်သန်ရတဲ့အကြောင်းအရင်းပဲလေ
ကျွန်တော် အတွက်တော့
သူမ ဟာ
ကျွန်တော် ဖြစ်တည် ရှင်သန်ရခြင်းရဲ့
အဓိက အကြောင်းအရင်းပဲလေ
သူမရဲ့ ဆံနွယ်လေးတစ်ချို့
လေပြေလေးတွေ တိုးသွားတိုင်း
ကျွန်တော် ဘ၀င်မကျဖြစ်မိတယ်
လေပြေတွေကို မနာလိုလို့လေ
သူမ မှန်ကလေးကို ကြည့်ပြီး
အလှပြင်တိုင်း
ကျွန်တော် မှန်ကို မနာလို ဖြစ်မိတယ်
သူမကိုင်တဲ့ လက်ဆွဲအိတ်
သူမကြိုက်တဲ့ လက်ကိုင်ဖုန်းလေးတွေဟာ
ကျွန်တော် မနာလို အဖြစ်ရဆုံးသက်မဲ့တွေပဲလေ
ဘာလို့ လဲ ဆိုတော့
သူတို့တွေဟာ သူမဘေးနားမှာ
အစဉ်အမြဲ ရှိနေခွင့်ရလို့လေ………………
ကျွန်တော် အတွေးတွေကို
ပိုင်စိုးထားသော
ကျွန်တော် အချစ်တို့ကို
ဖမ်းစားထားသော
အလှနတ်သမီးရေ
မင်း အားမစိုက်ထုတ်
မင်းလုံလ မပါဘဲနဲ့
ငါ ဆို တဲ့ အချစ်ရူးကို
မင်းလွယ်လွယ်လေး
အနိုင်ယူလိုက်ပါကွာ
မင်းအချစ်အောက်မှာ
ငါ အရေးနိမ့်ချင်လို့ပါ……………..။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

so sweet

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment