Professional Authors

သူက အရုပ်လေး ကသူ

သူက အရုပ်လေး ကသူ

သူမျက်ရည်ကျနေတယ်
အရုပ်လေးကို သူမေ့လိုက်/ဖျက်ဆီး/ထားခဲ့ရတော့မယ်
ဒါပေမယ့် သူမျက်ရည်ကျနေတာ အရုပ်လေးအတွက် မဟုတ်ပါဘူး
အရုပ်လေးရဲ့ အရုပ်လေးကြောင့်ပါ
အရုပ်လေးရဲ့ အရုပ်လေးကိုသိပ်စိုးရိမ်မိတယ်
အရုပ်လေးမရှိတော့ရင်
အဲ့ဒီအရုပ်လေးရဲ့ အရုပ်လေးက ဆက်ရှင်သန်နိုင်ပါ့မလား
အရုပ်လေးကို သူမြေမြုပ်လိုက်ရင်
အရုပ်လေးရဲ့ အရုပ်လေးက ငိုနေမလား
ဒါပေမယ့် သူမှားယွင်းစွာ ပူပန်နေမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
အရုပ်လေးနဲ့ အရုပ်လေးရဲ့ အရုပ်လေးနဲ့ ဆက်နွယ်မှု့ကို
သူသေချာ မ သိ/တွေးမိပါဘူး
တွေးလို့လည်းမရခဲ့ပါဘူး
အရုပ်လေးနဲ့ အရုပ်လေးရဲ့ အရုပ်လေးနဲ့ ဆက်နွယ်မှု့ကို
တကယ်တော့ သူသိလည်း သိချင်နေတယ်
အရုပ်လေးအပေါ်မှာထားတဲ့ အရုပ်လေးရဲ့ အရုပ်လေးရဲ့စိတ်က
အရုပ်လေး မရှိတော့ရင်တော့ ပေါ်လာမှာပါပဲလေ
သူမျက်ရည်ကျနေတယ်
အရုပ်လေးကို သူမေ့လိုက်/ဖျက်ဆီး/ထားခဲ့ရတော့မယ်
အရုပ်လေးရဲ့ အရုပ်လေး ပျော်နေနိုင်ဖို့မျှော်လင့်ပါတယ်…။

မြေနံ့

[email protected]

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

မျက်ရည်မကျပါနဲ့……………

commentinfo By: May Kha at Oct 6, 2011
Comment #2

အဲ့ဒီလို ပြောရင် ပိုပြီးတော့ပဲလေ…။

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #3

အရုပ်လေးရဲ့ အရုပ်လေးပျော်နေရင် အရုပ်လေးလည်း ကြည်နူးနေမယ်ထင်ပါတယ် ။

commentinfo By: X - ray at Nov 13, 2011
Comment #4

အဲ့ဒီ အရုပ်လေးရဲ့ အရုပ်လေးပျော်နေရင်
အရုပ်လေးက မေ့လိုက်/ဖျက်ဆီး/ထားခဲ့ ခြင်းကိုခံနေရင်းနဲ့တောင်
ကြည်နူးနေပါလိမ့်မယ် ကို X-ray ရယ်…

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #5

poor u

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment