Professional Authors

သံယောဇဉ်ကြောင်…..

မှိုင်း ပျပျ လေးပါပဲ

တောက်ပတဲ့အလင်းမဟုတ်ပေမဲ့

ဖွဲမီး   အတွင်းထဲထိ

လှိုက်လှိုက်လောင်တယ်…..

အမှတ်တမဲ့ လေးပါပဲ

ကဝေပျိုရဲ့စကား

ငါ့ မနက်ခင်းတွေေ၀၀ါးစွာ

ခါးသက်ခဲ့ရတယ်…..

မှော်ဆရာ တစ်ယောက်ရဲ့

နိဂုံး မှာ တုံးလုံး လှဲခွင့်မရတော့

သောက်လက်စ …ခွက်ကို

ဒီအတိုင်းပဲ   မော့သောက်ခဲ့တယ်

အားအင်သစ် ဖြစ်လိုဖြစ်ညားပေါ့…..

သံယောဇဉ် ဆိုတာ(တကယ်တော့)

အရောမ၀င်သင့်တဲ့ ကြောင်ပါး

လက်ဖျားနဲ့ မတို့ခင်က

ကုတ်ဖဲ့  ထွက်သွားဖို့

လက်သည်းကိုဝှက်ထားတတ်တာမျိုး။။     ။။

In: ကဗျာ Posted By: Date: May 15, 2012
Comment #1

tin sar yet like dar
kwi,,kwi,,

commentinfo By: ei lay at May 15, 2012
Comment #2

🙂
မိုက်တယ်

commentinfo By: violin at May 15, 2012
Comment #3

aww aww….. i c it right now …

commentinfo By: cynthia at May 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment