Professional Authors

နင့်ကြောင့်……………..

နင်ပြောဖူးတဲ့ ကတိတွေပဲ
ငါ အကြိမ်ကြိမ် ယုံနေမိတယ်
နင့်ကြောင့် အက်ကွဲ ဖူးတဲ့ ငါ့နှလုံးသား တစ်ခုကို အရင်းပြုရင်းပေါ့……………။

နင်ပေးခဲ့တဲ့ သစ္စာ အကြောင်းတွေပဲ
ငါ အမြဲ တွေးတောတယ်
နင့်ကြောင့် မှတ်ဥာဏ်တွေလျော့နည်းသွားတဲ့  ငါ့ဦးနှောက်နဲ့ပေါ့……..။

နင် ဖွင့်ဆိုတဲ့စကားတွေပဲ
ငါ ခဏခဏ ပြန်ကြားမိတယ်
နင့်ကြောင့် ဘာမှ မကြားနိုင်တော့တဲ့    ငါ့နားတစ်စုံနဲ့ပေါ့………..။

နင် မျက်ဝန်းရဲ့ အကြည့်တွေပဲ
ငါ နေရာစုံမှာ တွေ့တယ်
နင့်ကြောင့် ဘယ်အရာကိုမှ မမြင်နိုင်တော့တဲ့ ငါ့မျက်လုံးတွေနဲ့ပေါ့…….။

နင်တည်ဆောက်လာမယ့်  ငါ့အနာဂတ်
ငါ့စိတ်ကူးနဲ့ အမြဲလိုလို ပုံဖော်တယ်
နင့်ကြောင့် မြေချထားတဲ့ ငါ့အတ္တတွေနဲ့ပေါ့……………။

နင်ပြန်လာမယ့်နေ့
ငါ အစဉ်အမြဲ ကြိုဆိုပါတယ်
နင့်ကြောင့် အရာရာကို ဆန့်ကျင်
နင့်ကိုပဲ…………….. ထာဝစဉ်ချစ်နေတဲ့ ငါ့ဘ၀တစ်ခုကို အဖော်ပြုရင်းပေါ့ဟာ……….။

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ကောင်းပါတယ်….ကေသရီရေ….
အားပေးနေပါတယ်ဗျာ………..B-)

commentinfo By: moehtetaung18 at Dec 16, 2010
Comment #2

ကေသရီ အသည်းကွဲကဗျာလေးတွေချည်းပဲ ရေးနေတယ် ။။ တခြားဟာလေးတွေလည်း ရေဦးလေဗျာ …
အချစ်ဆိုတာ ဘ၀မှာ တစ်စိတ်တစ်ပိုင်းပဲ ရှိတာမို့ အသည်းကွဲ စာမျက်နှာလေးကို ခဏလောက်ကျော်လိုက်ပါဗျာ..
ကေသရီ အသည်းကွဲဒဏ်ရာကို မေ့ဖျောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်… အမြဲအားပေးနေတယ်ဗျာ . . .
အကြံဥာဏ်ပေးတာနော် ဆရာလုပ်တာ မဟုတ်ဖူး .. .

Comment #3

အသည်းကွဲကဗျာရေးတယ် ဆိုတာထက် ……
စဉ်းစားမိတိုင်း ဒီလို ခံစားချက်ပဲ ထွက်လာလို့ပါ တကယ့်လက်ရှိကတော့ ဒီလိုခံစားချက်မျိုးမဟုတ်ပါဘူး
ဝါသနာအရရော ………တစ်ခုခုကို ပြန်စဉ်းစားမရင်ရော ဒီလို ကဗျာတွေပဲ ရေးမိတာပေါ့
ကျေးဇူးပါ ကေ့ ကဗျာတွေကို ဖတ်ပေးတဲ့အတွက် အကြံဥာဏ်ပေးတဲ့အတွက်…………..

commentinfo By: ကေသရီ at Dec 16, 2010
Comment #4

အရမ်းတိုက်ဆိုင်တာပဲ
ကေသရီရေ

commentinfo By: မေသူ at Dec 16, 2010
Comment #5

နင်ပြန်လာမယ့်နေ့
ငါ အစဉ်အမြဲ ကြိုဆိုပါတယ်
နင့်ကြောင့် အရာရာကို ဆန့်ကျင်
နင့်ကိုပဲ…………….. ထာဝစဉ်ချစ်နေတဲ့ ငါ့ဘ၀တစ်ခုကို အဖော်ပြုရင်းပေါ့ဟာ……….။
ကေသရီရေ အားပေးတယ် ကောင်းတယ် ဖတ်ရတာ အ၇သာရှိတယ်..

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #6

ကောင်းတယ် ၊ ကေသ၇ီ အနားကို ပြန်လာပါစေ အမြန်ဆုံး

commentinfo By: genius.jinx28 at Dec 16, 2010
Comment #7

ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေ

commentinfo By: ကေသရီ at Dec 16, 2010
Comment #8

အရမ်းကောင်းတဲ့ စာသားတွေပဲ
“နင်တည်ဆောက်လာမယ့် ငါ့အနာဂတ်
ငါ့စိတ်ကူးနဲ့ အမြဲလိုလို ပုံဖော်တယ်
နင့်ကြောင့် မြေချထားတဲ့ ငါ့အတ္တတွေနဲ့ပေါ့……………။”
မိုက်တယ်…..ကူးပြီး ပို့ပေးလိုက်ဦးမှ
ခွင့်ပြုနော် ……..။ ။

commentinfo By: နှင်းပွင့် at Dec 16, 2010
Comment #9

နင့်ကြောင့် အရာရာကို ဆန့်ကျင်
နင့်ကိုပဲ…………….. ထာဝစဉ်ချစ်နေတဲ့ ငါ့ဘ၀တစ်ခုကို အဖော်ပြုရင်းပေါ့ဟာ……….အဲ့ဒါလေးကြိုက်တယ်….မကေသရီရေ …အားပေးမယ်နော်…..။

commentinfo By: Chit Chon Cho at Apr 19, 2011
Comment #10

i like so much.

commentinfo By: ei lay at Jul 24, 2011
Comment #11

နင်ပေးခဲ့တဲ့ သစ္စာ အကြောင်းတွေပဲ
ငါ အမြဲ တွေးတောတယ်
နင့်ကြောင့် မှတ်ဥာဏ်တွေလျော့နည်းသွားတဲ့ ငါ့ဦးနှောက်နဲ့ပေါ့……..။

နင် ဖွင့်ဆိုတဲ့စကားတွေပဲ
ငါ ခဏခဏ ပြန်ကြားမိတယ်
နင့်ကြောင့် ဘာမှ မကြားနိုင်တော့တဲ့ ငါ့နားတစ်စုံနဲ့ပေါ့………..။

နင် မျက်ဝန်းရဲ့ အကြည့်တွေပဲ
ငါ နေရာစုံမှာ တွေ့တယ်
နင့်ကြောင့် ဘယ်အရာကိုမှ မမြင်နိုင်တော့တဲ့ ငါ့မျက်လုံးတွေနဲ့ပေါ့…….။
I wanna cry while i m reading this paragraph , really like it.

commentinfo By: LNK at Oct 26, 2011
Comment #12

so much like

commentinfo By: ei lay at Oct 27, 2011
Comment #13

it’s u,
it’s u,
//////

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment