Professional Authors

ဖြစ်တာလွယ်လွန်း ဖြတ်တာခက်လွန်းတဲ့ ”……………….. ”

တကယ်တမ်းဆို…
မင်းနဲ့ငါ.. တို့နှစ်ယောက်ကြားက
သံယောဇဉ် ဆိုတဲ့ ဟောဟာရ
ဘယ်သို့ ဘယ်ပုံ ဘယ်ချောင်ကြားကပေါ်လာရ…..။

မဖြစ်နိုင်ဘူး သိရက်နဲ့
ဇွတ်တရွတ် တိုးချင်
သွေးသားတော်စပ်မှုကြောင့်
အနေနီး ဆက်ဆံရတိုင်းသာ
ခင်မင်မှု ပေါ်ထွန်းလာမယ်ဆိုရင်
အိမ်က မွေးထားတဲ့ ခွေးနဲ့ကြောင်လေးနှစ်ကောင်
ခင်မင်မှုတွေ ပွါးလို့ ချစ်သူတွေတောင်
ဖြစ်နေလောက်ပြီ
ငါ့ ဖြင့် နားမလည်တော့…။

သူစိမ်း မိန်းကလေးရယ်
မင်းနဲ့ ဆုံဖြစ်တဲ့နေ့ကစ
သံယောဇဉ် ဆိုတာ သိခဲ့ရ
ငါ ကိုယ်တိုင်က ခင်မင်မှု မသိ
သံယောဇဉ်မရှိ
မကြင်နာတတ်ဘူးလို့
ထင်ခဲ့မိ ..။

အခုတော့
မင်းနဲ့ ခင်မင်မှု ရပြီးနောက်
သံယောဇဉ်ဆိုလား ရင်ထဲက အလိုလိုထွက်
တွယ်ငြိသွားတဲ့နောက်
ငါကိုယ်တိုင်က ကြင်နာတတ်…

သံယောဇဉ်.. သံယောဇဉ်..သံယောဇဉ်
လူကို အရူးတစ်ပိုင်းဖြစ်စေတယ်..

သံယောဇဉ်………
သံယောဇဉ်……….

သံယောဇဉ်……….
ငါလေ အပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်….

ဘယ်တုန်းကမှ အဲဒီ သံယောဇဉ်..အကြောင်း မတွေးတဲ့
ငါ………………………………………………………….
အခုတော့ သံယောဇဉ် သီချင်းကို ဆိုတဲ့ ကိုလေးဖြူ
နည်းနည်းတော့ ကြည်ဖြူ လက်ခံတတ်လာပြီ
…………….

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

he,,he,,
great…

commentinfo By: ei lay at Dec 13, 2011
Comment #2

tan yaw zinnnnnnnnnn
tan yaw zinnnnnnnnnnn
tan yaw zinnnnnnnnnnnnn

commentinfo By: ei lay at Feb 12, 2012
Comment #3

tan yaw zinnnn
tan yaw zinnnn
ei lay ka poemscorner ne tan yaw zinn a yan shi nay be naw, poems author, poems chitthu myar ne le
tan yaw zin shi nay lout be pop he he he
We Love Poemscorner.

commentinfo By: gadounlay at Feb 13, 2012
Comment #4

ofcourse,,definitely

commentinfo By: ei lay at Feb 13, 2012
Comment #5

ဒါလည်း ကြိုးတွေထဲက ကြိုးတစ်မျိုးဘဲဗျနော်
ကဗျာကောင်းလေးဗျ
အားပေးတယ် ။

commentinfo By: X - ray at Feb 14, 2012
Comment #6

Wow… wonderful

commentinfo By: cynthia at Mar 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment