Professional Authors

နင်ဘာကြောင့် လက်မခံနိုင်တာလဲ………..?

မာနတွေပြာချခဲ့တဲ့အချိန်တွေထဲက
ရုန်းထွက်မိတဲ့အခါ တဆစ်ဆစ်နာကျင်နေတဲ့
ငါ့နှလုံးသား…….မတမ်းတမှုတွေ နဲ့ နေသားကျသွားတယ်……။

တူညီရာတူညီကြောင်း ခံစားမှုတွေမွေးဖွားဖို့
အချိန်တွေတော်တော်ကြာ
ငါ့မျက်ရည်တွေရင်းခဲ့ရတယ်……
ရင်ခုန်သံတွေခါးခဲ့ရတယ်…..
ပြီးတော့…….ငါ့နေ့ရက်တွေ အသက်မဲ့ခဲ့ရတယ်…….။

မသက်ဆိုင်တော့တဲ့ အနာဂတ်
နင်ကိုယ်တိုင် သတ်မှတ်ပေးခဲ့ပြီးမှ
အတိတ်တွေက ငါ့ရဲ့ပေးဆပ်ခြင်း
တန်ဆာဆင်ပြီးတော့လည်း….
ငါမလွမ်းချင်တော့ဘူး……။

တခြားတစ်ယောက်အပေါ် သစ္စာတွေရှိချင်လို့
ငါ့အတွက် မေတ္တာမပေးနိုင်တဲ့ နင်နဲ့လည်း…….
နောက်သံသရာမှာ ဆုံဆည်းရဖို့
ငါ…ထပ်ပြီးတော့လည်း ဆုမတောင်းပါဘူး….။

နင်မလိုချင်လို့ ရှောင်ဖယ်ထားတဲ့ငါ့ကို
မပြတ်သားမှုတွေနဲ့လည်း မျှော်လင့်ချက်မပေးနဲ့
တွေ့ခွင့်ရှိခဲ့သမျှ ငါသိပြီးသား….
နင့်အကြောင်းတွေကို…….ငါ့ရင်ခွင်က ငြိုငြင်သွားပြီ။

အားလုံးသောနောက်ဆုံးမှာ……
နင်မချစ်သလို ငါ့မေ့သွားပြီး
နင်ကျေနပ်သလို ငါနေတက်သွားတယ်
သက်ရောက်မှုတိုင်းရဲ့
တန်ပြန်မှုတွေကို…….
နင်ဘာကြောင့် လက်မခံနိုင်တာလဲ………..?

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

ကေသရီ့ရဲ့ ကဗျာတိုင်းကို ကြိုက်တယ်..

commentinfo By:ုkyi kyi at Oct 14, 2010
Comment #2

ကေ့ ကဗျာတွေကို အားပေးတဲ့ ကြည်ကြည့် ကို ကျေးဇူးအရမ်းတင်ပါတယ်

commentinfo By: kaythari at Oct 21, 2010
Comment #3

အားလုံးသောနောက်ဆုံးမှာ……
နင်မချစ်သလို ငါ့မေ့သွားပြီး
နင်ကျေနပ်သလို ငါနေတက်သွားတယ်
………..
ကေရေ..ကောင်းတယ်…

commentinfo By: အသဲကွဲမိုး at Jan 28, 2011
Comment #4

အားလုံးသောနောက်ဆုံးမှာ……
နင်မချစ်သလို ငါ့မေ့သွားပြီး
နင်ကျေနပ်သလို ငါနေတက်သွားတယ်
သက်ရောက်မှုတိုင်းရဲ့
တန်ပြန်မှုတွေကို…….
နင်ဘာကြောင့် လက်မခံနိုင်တာလဲ… … ။။။။။။။

commentinfo By: chityellusoelay at Aug 19, 2011
Comment #5

wow,,,,
heart hti twar p.
100% right.

commentinfo By: ei lay at Jan 3, 2012
Comment #6

read again par,,

commentinfo By: ei lay at Feb 12, 2012
Comment #7

နင်မလိုချင်လို့ ရှောင်ဖယ်ထားတဲ့ငါ့ကို
မပြတ်သားမှုတွေနဲ့လည်း မျှော်လင့်ချက်မပေးနဲ့
တွေ့ခွင့်ရှိခဲ့သမျှ ငါသိပြီးသား….
နင့်အကြောင်းတွေကို…….ငါ့ရင်ခွင်က ငြိုငြင်သွားပြီ။

very good

commentinfo By: meso at Jan 23, 2013
Comment #8

မာနတွေပြာချခဲ့တဲ့အချိန်တွေထဲက ရုန်းထွက်မိတဲ့အခါတဆ စ်ဆ စ်နာကျင်နေ တဲ့ ငါ့ နှလုံးသား…….မ တမ်းတမှုတွေနဲ့ နေသားကျသွားတယ်……။

တူညီရာတူညီကြောင်း ခံစားမှုတွေမွေးဖွားဖို့ အချိန်တွေတော်တော်ကြာ ငါ့ မျက်ရ ည်တွေရ င်းခဲ့ ရ တယ်… … ရင်ခုန်သံတွေခါးခဲ့ ရ တယ်….. ပြီးတော့ …….ငါ့နေ့ ရ က်တွေ အသက်မဲ့ ခဲ့ ရ တယ်… ….။

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment